Unicode
ဒီနေ့ စိုင်းရှင်းယံ မျက်နှာမကောင်းပေ။
သူက စက်ဘီးကိုသာ ပျင်းရိပျင်းတွဲတွန်းလာလျက် ဘာစကားတစ်ခွန်းမှမဆိုဘဲ တစ်ယောက်တည်း မှိုင်တွေမှောင်ကျနေသည်။ ယနေ့ညနေတွင် လင်းနှင့်ရှင်းယံတွေ့ဆုံကြခြင်းမှာ စက်ဘီးစီးရန် ဖြစ်သော်လည်း ရှင်းယံ၏စိတ်ညစ်နေသော ပုံစံကြောင့် စက်ဘီးကိုတွန်း၍သာ လမ်းလျှောက်ဖြစ်နေသည်။
လင်းသည် ရှင်းယံ၏မျက်နှာအရိပ်အကဲကို တောက်လျှောက်အကဲခတ်ရင်း အခြေအနေပေးသည်နှင့် ရှင်းယံအနားသို့ ပိုတိုးကပ်လိုက်သည်။
"ကိုကြီးမျက်နှာ မကောင်းပါလား...ကိစ္စတစ်ခုခုရှိလို့လား"
ရှင်းယံ စိတ်ပျက်လက်ပျက်ပုံစံနှင့် ခေါင်းညိတ်ပြသည်။
"သင်္ချာစွမ်းရည်ပြိုင်ပွဲမှာ ကောင်းကောင်းမလုပ်နိုင်ခဲ့လို့... စိတ်နည်းနည်းညစ်နေတာ..."
" အမှတ်မကောင်းလို့လား"
" နှစ်မှတ်အလိုနဲ့ ဒုတိယနေရာရောက်သွားလို့"
ဒါ အမှတ်ကောင်းတယ်ဆိုတဲ့ သဘောပဲမဟုတ်လား။
ဒါပေမဲ့ ရှင်းယံက Hyper ဆိုတော့ နှစ်မှတ်ပြုတ်တာလည်း ခံစားရရှာမှာပေါ့လေ...." တစ်ကျောင်းလုံးမှာလား"
" ရန်ကုန်တစ်တိုင်းလုံးမှာ"
"အာ...."
လင်း ဆွံ့အ,သွား၏။ သူ့အနေနှင့် ရှင်းယံကို နှစ်သိမ့်ပေးချင်ပါသည့်တိုင် အမှတ်လည်း,ကောင်း၊ အဆင့်လည်းကောင်းသည့် နေရာရ,ထားသူတစ်ဦးအား မည်သို့သောစကားလုံးဖြင့် နှစ်သိမ့်ရမည်နည်း။
လူဦးရေထူထပ်တဲ့ ရန်ကုန်တစ်တိုင်းလုံးမှာ ဒုတိယနေရာဆိုတာက လူတိုင်းရနိုင်တဲ့အဆင့်မျိုး မဟုတ်ဘူးလေ။
ဒါ ဆရာကြီးအဆင့်...လုံးဝဆရာကြီး။" ဘာပဲပြောပြော ဒုတိယနေရာရတာကလည်း ချီးကျူးစရာပဲပေါ့...ကျွန်တော်သာဆို ဘိတ်ချီးထက်တောင် အဆင့်အများကြီးနိမ့်ဦးမယ်"
ရှင်းယံ လင်းကိုလှည့်ကြည့်၍ ဖျော့တော့စွာပြုံးသည်။
မှိုင်တွေနေသည့်ကြားမှ ပထမဆုံးပြုံးလာခြင်းမို့ လင်း၏နှစ်သိမ့်မှု အောင်မြင်သည်ဟု ဆိုနိုင်သည်။
YOU ARE READING
Loving Out Loud