Unicode
" ကိုယ် အိမ်ရှေ့ရောက်နေတယ်"
ပုံမှန်မဟုတ်သော ရီဝေအက်ကွဲသည့်အသံကြောင့် လင်းသည် ဖုန်းကိုနားမှခွာလိုက်မိသည်။ ဖုန်းထဲမှ နာရီကို ကြည့်လိုက်သည်။
ည ၁၁နာရီ ၄၅ရှိပြီ...
ဒီအချိန်ကြီး နက္ခတ်ဟာ ဘာလို့ အိမ်ရှေ့ရောက်နေရတာလဲ။
အံ့သြစိတ်နှင့်အတူ အိပ်ရာမှ ကမန်းကတန်းထကာ အိမ်ရှေ့သို့ ပြေးထွက်သွားရသည်။ သော့ခတ်ထားသော တံခါးမကြီးမှ သော့ကိုဖွင့်ပြီးနောက် အိမ်အပြင်သို့ အလျင်အမြန်ထွက်ကြည့်လိုက်သည်။
နက္ခတ်၏ကားသည် အိမ်ရှေ့တည့်တည့်တွင်ရပ်ထား၏။
နက္ခတ်က ကားကိုမှီလျက် ခေါင်းငိုက်စိုက်ချကာ ရပ်နေသည်။ ညသည် မှောင်နေသောကြောင့် နက္ခတ်၏မျက်နှာအမူအရာ ဘယ်လိုပုံစံရှိသလဲဆိုတာကို မခန့်မှန်းနိုင်ချေ။" ကိုကြီး..."
လင်း၏အသံကြားသောအခါ နက္ခတ်မော့ကြည့်လာသည်။
နက္ခတ်သည် လင်းဆီသို့ လျင်မြန်စွာလျှောက်လာသည်။
ထို့နောက် စကားတစ်ခွန်းမှမဆိုဘဲ လင်းကိုသူ့ရင်ခွင်ထဲ
ဆွဲသွင်းကာ တင်းကျပ်စွာဖက်လိုက်သည်။
နက္ခတ်ထံမှ အရက်နံ့များက လှိုင်နေ၏။" ဘာဖြစ်လာလို့လဲဟင်...ညဘက်ကြီး ဘယ်လိုလုပ်ရောက်လာတာလဲ...."
လင်းသည် သူ့ကိုဖက်ထားသောနက္ခတ်၏လက်များကို ခွာချရန် ကြိုးစားသည်။ နက္ခတ်က အလွှတ်မပေးဘဲ ပိုမို၍ တင်းကျပ်အောင်ဖက်လိုက်ပြန်သည်။
" နက္ခတ်...ကျွန်တော်အသက်ရှူကျပ်တယ်..."
လွန်စွာတင်းကျပ်သောကြောင့် ကိုယ်ကိုရုန်းလိုက်မိသည်။
နက္ခတ်က နည်းနည်းမှအလျှော့မပေးချေ။ ထို့ထက်မူ
နက္ခတ်၏ကိုယ်သည် တုန်လာသည်ကိုခံစားလိုက်မိသည်။
မရှေးမနှောင်းပင် နက္ခတ်ထံမှ အက်ကွဲသောငိုသံအချို့ကိုကြားလာရသည်။ လင်း ရုန်းရန်မကြိုးစားမိတော့။" ဘာဖြစ်လာလို့လဲဟင်...."
ငိုနေသောသူကို နှစ်သိမ့်ရန် ကျောပြင်ကိုခပ်ဖွဖွပုတ်ပေးလိုက်သည်။ ငိုသံတွင် ရီဝေသော်လည်း နူးညံ့သော စကားသံအချို့ ကပ်ငြိနေသည်။
YOU ARE READING
Loving Out Loud