Ep - 20

6.4K 781 6
                                    

Unicode

" ကျွန်တော်တို့ ဘာမဟုတ်တာမှမလုပ်ခဲ့ဘူး....
ကိုကြီး ဘာဖြစ်နေတာလဲ...ဘာမဟုတ်တဲ့ကိစ္စလေးကို
ဘာလို့ ဒေါသတွေထွက်နေတာလဲ...."

အိပ်ခါနီးအချိန်တွင် ခေါင်းထဲဝင်လာသော လင်း၏စကားတစ်ခွန်းကြောင့် ရှင်းယံ မျက်လုံးများပြန်ပွင့်သွားသည်။
အိပ်လို့မပျော်နိုင်သဖြင့် ကုတင်ပေါ်တွင် ထ,ထိုင်လိုက်သည်။

ဘာမဟုတ်တဲ့ကိစ္စလေးတဲ့...
ဟုတ်တာပဲလေ....သူ့အတွက်ကြည့်ရင် ဘာမဟုတ်တဲ့
အကြောင်းလေးတစ်ခုသာ ဖြစ်နေလိမ့်မည်။

လင်း နက္ခတ်အနောက်ပါသွားသည့်အချိန် ရှင်းယံရင်ထဲ၌ တနုံ့နုံ့ခံစားနေရသည်ကို သူမသိ။

နက္ခတ်လက်မှ ရုန်း၍သူ့ထံကိုပြေးလာမည်ဟု
ထင်ခဲ့သော်လည်း တကယ်တမ်းကျငြိမ်ပြီးပါသွားသဖြင့် ရှင်းယံမကျေမနပ်ဖြစ်ရသည်ကို သူမသိ။

နက္ခတ်နောက်ပါသွားပြီး ဖုန်းဆက်တော့လည်း မကိုင်။
Clubမှာ နက္ခတ်နဲ့အတူတူ ဟီးဟီးဟားဟားနှင့်ပျော်နေမည့်ပုံကို စဉ်းစားမိသဖြင့် တစ်ချိန်လုံး ရှင်းယံရင်ထဲတွင်
ကလိကလိနှင့် နေမရထိုင်မရ။ ဒေါသထွက်သလိုလို၊
စိတ်တိုသလိုလို ဖြစ်နေတာလည်း သူမသိ။

နက္ခတ်က သူ့ကိုကြိုက်နေတာမှန်းလည်း သူမသိ။

နက္ခတ်က ဟိုတယ်ခေါ်သွားရင်တောင် ဘုမသိ,ဘမသိနဲ့
ပါသွားမယ့် အကောင်....

ဒီမှာတော့ နက္ခတ် သူ့ကိုဘာမှမလုပ်ပါစေနဲ့ ဆိုတဲ့
အပူလုံးကြီးနဲ့ တောက်လျှောက်စိုးရိမ်နေခဲ့ရသည်။

ဒါပေမဲ့ ရှင်းယံ ဒီလောက် ဒေါသထွက်နေစရာမလိုမှန်း
ကိုယ့်ကိုယ်ကိုတော့ သိပါသည်။သို့သော်လည်း မတတ်နိုင်။ နက္ခတ်နှင့်အတူရှိနေသည့် လင်းကိုမြင်မိတိုင်း စိတ်ထဲတွင် ပူလောင်နေရသည်။ ထို့အပြင် ဒေါသထွက်မိသည်။ ဝမ်းနည်းသလိုလို ယွစိယွစိဖြစ်၍ အရှုံးသမားတစ်ယောက်လို ခံစားမိနေသည်။

လင်းက ငါ့နားမှာပဲ တောက်လျှောက်ရှိနေခဲ့တာ...
ဘာလို့ နက္ခတ်နဲ့ ပိုခင်သွားရတာလဲ.....

ဟူသော အတွေးမျိုးကလည်း ခဏခဏဝင်လာသည်။

နက္ခတ် လင်းကို ကြိုက်သည်ဟူသောအတွေးကလည်း
ရှင်းယံ ဘာသာစဉ်းစားမိခြင်းပင်။

Loving Out LoudWhere stories live. Discover now