Ep - 35

5.2K 635 23
                                    

Unicode

ချစ်သူများကျွန်းရှေ့သို့ သူတို့ရောက်ရှိပြီးသည့်နောက်
ကျွန်းပေါ်သို့ မသွားသေးဘဲ ကျွန်းရှေ့တွင် ဖွင့်လှစ်ထားသောဆိုင်များ၌ အုန်းရည်သောက်ကာ စားစရာအချို့ကိုအရသာခံစားသောက်ရင်း ခေတ္တထိုင်နေကြသေးသည်။

ခဏနေတော့ ခွန်စိုင်းက ထလိုက်၍

" ငါတို့အခုနေသွားတာကောင်းမယ်...တစ်နာရီကျရင်
ပြန်မယ်....ကျွန်းဆီသွားတဲ့မြေလမ်းက တစ်နာရီ နှစ်နာရီ
လောက်ဆို ရေတက်တယ် ပြောတယ်...ရေတက်လို့
ရေကြားထဲက ဖြတ်ရရင် ရှင်းယံ အဆင်ပြေမှာမဟုတ်ဘူး"

ဟုဆိုလိုက်သည်။ ထို့ကြောင့် သူတို့အချိန်ထပ်မဆွဲတော့ဘဲ ကျွန်းဆီသို့ ခပ်သွက်သွက် သွားကြသည်။ သူတို့အားလုံးသည် လူငယ်များဖြစ်သောကြောင့် စူးစမ်းလိုစိတ်အပြည့်ရှိသည့်အပြင် အပင်ပန်းလည်းခံနိုင်သဖြင့်
ချစ်သူများကျွန်းရှိ တောင်ကုန်းပေါ်သို့တက်သွားကြပြီးနာက် ကျွန်း၏အခြားတစ်ဖက်ခြမ်းရောက်သည်အထိ သူတို့သွားကြသည်။

ကျွန်း၏ပင်လယ်ဘက်ကိုမျက်နှာမူသောအခြမ်း၌ ကြီးမားသော ကျောက်တုံးများနှင့် ပြည့်နှက်နေ၍ မြေကြီးအနည်းငယ်သာရှိသည်။ မာကြောသောကျောက်ခဲများဖြင့် ပြည့်နှက်နေသည့်နေရာမို့ ကျောက်စရစ်၊ကျောက်တုံးများကြားတွင် ခဲရာခဲဆစ်လျှောက်လှမ်းကာ ကျောက်တုံးကြီးတစ်ခုမှတစ်ခုသို့ ခုန်ပျံ၍လည်းကောင်း၊ ကုပ်တက်၍လည်းကောင်း သွားနေရသည်။ ကျောက်တုံးများအလွန်တွင် ပင်လယ်၊ ကျောက်တုံးများအနောက်တွင် မိမိတို့ဖြတ်ကျော်ခဲ့ရသော တောင်ကုန်းနှင့်တောအုပ်ပင် ရှိသည်။

လူတော်တော်များများက ကျွန်း၏ဒီဘက်အခြမ်းသို့
လာရကောင်းမှန်းမသိသည်က တစ်ပိုင်း၊ တောင်ကုန်းပေါ်သို့မတက်ကြသူက တစ်ပိုင်းမို့ ကျွန်း၏ဒီဘက်အခြမ်း၌လူနည်းနည်းသာ ရှိနေသည်။ ထို့ထက်မူ လင်းတို့အုပ်စုက လူငယ်များဖြစ်၍ ပင်ပန်းခက်ခဲသော ကျောက်တုံးများပေါ်လမ်းလျှောက်ခြင်းကို ပေါ့ပါးသွက်လက်စွာ လုပ်ဆောင်နိုင်တာ ဖြစ်မည်။ အကယ်၍ ကျောက်တုံး တစ်ခုမှတစ်ခု အကူးတွင် ခြေချော်ကျပါက အခြားကျောက်တုံးနှင့် ခေါင်းဆောင့်မိပြီး ခေါင်းကွဲဖို့သာ ရှိသည်။

Loving Out LoudWhere stories live. Discover now