Ep - 14

6.4K 849 37
                                    

Unicode

" အားလုံး ....ခဏနားမယ်ဟေ့...."

နည်းပြ၏စကားအဆုံးတွင် ဘောလုံးကွင်းအပြင်ဘက်သို့ နက္ခတ်ညီ ပြေးထွက်လာသည်။ ဘောလုံးကွင်းအပြင်ဘက်ရှိ ခုံပေါ်၌ လင်းသုခတ်တစ်ယောက် ငုတ်တုပ်လေးထိုင်၍ သူ့ကိုစောင့်နေ​၏။ နက္ခတ် သူ့အနားကိုရောက်တော့ မတ်တပ်ထ,ရပ်သည်။ နက္ခတ်ညီက ခုံပေါ်တွင် တင်ထားသော ရေဘူးကိုယူ၍ သောက်မည်ပြုလိုက်သည်။

" မသောက်နဲ့ဦး....နေပူထဲကနေ အမောတကောနဲ့ပြေးလာပြီး ချက်ချင်းရေအေးသောက်လိုက်ရင် ဦးနှောက်သွေးကြောပြတ်လိမ့်မယ်"

လင်း၏စကားကြောင့် ရေဘူးကို နက္ခတ်ပြန်ချလိုက်ပြီး
ခုံပေါ်တွင် ဝင်ထိုင်လိုက်သည်။ လင်းက သူ့ကို တစ်ရှူးတစ်ထုပ်ကမ်းပေးသည်။ နက္ခတ် တစ်ရှူးကိုယူပြီး ချွေးသုတ်လိုက်သည်။

"မင်းက ဒီကိုလာတာ ဘာကိစ္စလဲ..."

" စာအုပ်ပြန်လာပေးတာ... အကုန်ကူးပြီးပြီ...စာက နည်းနည်းလေးကို ဘာလို့ ကျွန်တော့်ကို တကူးတက ကူးခိုင်းနေတာလဲ"

လင်း ကမ်းပေးသောစာအုပ်နှစ်အုပ်ကို နက္ခတ်ယူလိုက်သည်။ သူ ဘာမှပြန်မပြောဘဲ အမောဖြေနေသည်။ ခဏနေမှ
ရေဘူးကို မြှောက်ပြကာ.....

" အခု ရေသောက်လို့ရပြီလား...."

" ရပြီ...သောက် "

" စာကူးပေးလို့ ကျေးဇူးပဲ.....ဘောလုံးပွဲက နောက်အပတ် တနင်္လာနေ့ လုပ်မှာ...လာအားပေးဦး...."

" ဆရာမတွေ လွှတ်မှ လာလို့ရမှာပေါ့....."

"သူတို့လွှတ်မှာပါ.....မင်းကသာ သေချာပေါက်
ငါ့ကို လာအားပေး...."

"ကျွန်တော်အားပေးရင် နိုင်မှာလား....ကိုကြီးသာ ဘောလုံးကို သေချာကန်...."

" ငါက အားလုံးထဲမှာ အတော်ဆုံးပဲ...."

" တော်စမ်းပါ....."

နက္ခတ် ရယ်သည်။ သူ လင်းကို မျက်စောင်းထိုးကြည့်လျက် ရယ်ကျဲကျဲနှင့်ပြောသည်။

" မယုံဘူးလား...ငါက ဂိုးသွင်းကောင်းတယ်...."

လင်း သူ့ကို မျက်လုံးစင်း၍ကြည့်လိုက်သည်။ ထို့နောက်
သူ့ဘေးတွင် ဝင်ထိုင်လိုက်သည်။

Loving Out LoudWhere stories live. Discover now