Ep - 33

4.4K 587 6
                                    

Unicode

လင်း, မျက်လုံးနှစ်လုံးကို ဖွင့်လိုက်သောအခါ ရှေးဦးစွာ မြင်တွေ့လိုက်ရသည်မှာ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေသည့် စိုင်းရှင်းယံ၏အပြစ်ကင်းစင်သော မျက်နှာလေးဖြစ်သည်။

ရှင်းယံ၏ ရှည်လျားကော့ညွတ်နေသော မျက်တောင်များ၊
အပြစ်အနာအဆာတစ်စက်မှမရှိသော ကြည်လင်နေသည့် အသားအရေ၊ ပန်းရောင်သန်းသည့် ရွှန်းပြည့်စိုရည်သော နှုတ်ခမ်းနှစ်လွှာကို တစ်ခုချင်းစီ စေ့စေ့စပ်စပ်စိုက်ကြည့်ရင်း လင်းပြုံးလိုက်မိသည်။ ရှင်းယံထံမှ ညင်သာသော အသက်ရှူသံသဲ့သဲ့လေးက ထွက်ပေါ်နေ၏။

ဒီကောင်လေးဟာ အိပ်ပျော်နေတာတောင်
ချောမောနေအောင် ဘယ်လိုအိပ်ပါသလဲ.....

Sleeping beauty ဆိုတာ သူမှသူအစစ် လို့
တွေးရင်း ရှင်းယံ၏ မျက်နှာနားသို့ ပိုတိုးကပ်မိလိုက်သည်။

" ချောလွန်းလို့ ကျွန်တော်နဲ့တောင်မတန်ဘူး....ကိုကြီးက
ရုပ်ချောပြီးချမ်းသာတဲ့ မိန်းကလေးတစ်ယောက်နဲ့
တွေ့ရမှာ...."

ခပ်ညစ်ညစ်တွေးပြီးသည့်နောက် ရှင်းယံ၏ဆံပင်တို့ကို
လက်ဖြင့် နူးနူးညံ့ညံ့တို့ထိလိုက်သည်။ ထို့နောက် လက်ချောင်းများကို ဖြည်းဖြည်းချင်းဆင်းလိုက်သည့် အခါ ရှင်းယံ​၏နဖူးကို ထိမိသည်။ ဖြောင့်ဆင်းချွန်မြသည့်နှာတံတစ်လျှောက် မထိတထိလုပ်လိုက်သော်လည်း ရှင်းယံက မနိုးလာပါ။ နောက်ဆုံး လင်း​၏လက်ချောင်းများထိတွေ့မိလိုက်သည်မှာ နူးညံ့ဖောင်းအိသော နှုတ်ခမ်းတစ်စုံဖြစ်သည်။

"ဒါပေမဲ့ ဘယ်လိုလုပ်မလဲ...ဘယ်မိန်းကလေးကိုမှ
မပေးပစ်နိုင်ဘဲ...ကိုကြီးကို ကျွန်တော့်အပိုင်ဖြစ်စေချင်တာ...ကျွန်တော်က နဂိုထဲကအတ္တကြီးတာမို့လို့....ကိုကြီးလိုလူက ကျွန်တော်နဲ့ မတန်မှန်းသိလည်း အရယူချင်နေတာ..."

ထိုစကားတို့သည် လင်း၏အတွေး၌သာ ပျံ့နှံ့နေ​၏။
အပြင်ဘက်တွင် ရှင်းယံ၏အသက်ရှူသံကသာ တိုးညှင်းစွာ ထွက်ပေါ်လျက်ရှိသည်။

ရှင်းယံ၏နှုတ်ခမ်းကို လက်မဖြင့်အသာအယာပွတ်သပ်ထိတွေ့လိုက်သည်။ ရှင်းယံ၏ နှုတ်ခမ်းသည် လက်ဖြင့်ထိတွေ့ရတာတောင် ရင်ခုန်ဖွယ်ကောင်းအောင် နုအိနေသည်။ ရဲနေသောနှုတ်ခမ်း၏ ရွှန်းပြည့်နေပုံက လင်းကို စိတ်လှုပ်ရှားလာစေသည်။ ပိရိသေသပ်သော နှုတ်ခမ်းဟာ ဆွဲဆောင်မှုအပြည့်နှင့် ဖြစ်၏။ ထိုမျှ လှပနူးညံ့သော နှုတ်ခမ်းကိုနမ်းလိုက်ရင် အရသာဟာ ဘယ်လိုများဖြစ်မလဲ.....

Loving Out LoudWhere stories live. Discover now