Ep - 31

6K 686 8
                                        

Unicode

လင်းနှင့်မဒီသည် အိမ်ရှေ့တွင် luggage များချလျက် ရပ်စောင့်နေကြသည်။ ဒီနေ့သည် သူတို့အားလုံးအတူ ငွေဆောင်သို့ အပျော်ခရီးစဉ် ထွက်ခွာမည့်ရက်ဖြစ်သည်။ ငွေဆောင်ကိုသွားမည့်ကားက ဖြိုး၏ကားဖြစ်ပြီး သူတို့အားလုံးအတူတူ ဖြိုးအိမ်၌ တွေ့ဆုံရန် အချိန်းအချက်ပြုထားကြသည်။ လင်းနှင့်မဒီကို ဖြိုးအိမ်သို့ ရှင်းယံက တစ်ခါတည်းခေါ်ဆောင်သွားပေးမည်ဟု ပြောထားခဲ့သဖြင့် ရှင်းယံကို စောင့်ဆိုင်းနေကြခြင်းဖြစ်သည်။

ကားအဖြူတစ်စီး လင်းတို့ရှေ့တွင် ရပ်လာသည်။
ရှင်းယံ၏ကားမှန်းသိလိုက်၍ လင်းနှင့်မဒီတို့ ကိုယ့်အထုပ်ကိုဆွဲ၍ ကားအနားသို့သွားသည်။ ကားပေါ်မှ ရှင်းယံဆင်းလာသည်။

" စောင့်ရတာ ကြာသွားလား..."

" မကြာပါဘူး...ရပါတယ်...."

လင်း ပြန်ဖြေရင်း တဖြည်းဖြည်းပွင့်လာသောကားနောက်ဖုံးထဲသို့ အထုပ်ကို မ, ထည့်လိုက်သည်။ ရှင်းယံသည် ဘေးမှလာကူပေးသည်။ ကားပေါ်မှ သူ့ဒါရိုက်ဘာဆင်းလာကာ မဒီ့၏အထုပ်ကို မ,ထည့်ပေးသည်။

ထို့နောက် သူတို့အားလုံး ကားပေါ်ပြန်တက်၍ ထွက်သွားကြသည်။

ဖြိုးအိမ်သို့ သူတို့ရောက်သောအခါ ညခုနစ်နာရီမျှရှိပြီဖြစ်ပြီး ခရီးစဉ်၌ လိုက်ပါ,မည့် လူအကုန်အစုံရောက်ရှိနေကြပေပြီ။ ဖြိုး၏အိမ်မှာလည်း အလွန်အမင်းကြီးကျယ်ခမ်းနားသောအိမ်ဖြစ်၍ ရှင်းယံတို့ သူငယ်ချင်းအုပ်စု၏ ချမ်းသာပုံကို လင်း တအံ့တသြဖြစ်ရသေးသည်။

လူအကုန်လုံးသည် ဖြိုး၏အိမ် ဧည့်ခန်းထဲတွင် ခဏထိုင်ရင်း သွားမည့်အချိန်ကို စောင့်ဆိုင်းနေသည်။
လူစုံသော်လည်း မစုံသေးသည်က အိမ်ပိုင်ရှင် ဖြိုးတစ်ယောက်တည်းသာ။

ဖြိုး၏အမေမှာ သဘောကောင်းဖော်ရွေသော သူတစ်ဦးဖြစ်ပြီး သူတို့အားလုံးကို စကားစမြည်လာပြောကာ လူကြီးတစ်ယောက်​၏ထုံးစံအတိုင်း အစစအရာရာဂရုစိုက်ဖို့ မှာကြားနေသည်။ ဖြိုး​၏အမေက ညည်းတွားသည်။

" ဖြိုးက အီလေးဆွဲနေတာ ဘာမှန်းလည်းမသိဘူး.....
အဲ့တာ ညနေ၅နာရီထဲက ရေချိုးပါဆိုတာကို ဟိုလှည့်ဒီလှည့်နဲ့.....အင်္ကျီတွေကိုလည်း ခုနကမှထည့်တယ်....
အခုကျတော့ လူကဆုံနေပြီ...သူက မပြီးသေးဘူး...
အဲ့ဒီ့ အချိန်ဆွဲတဲ့အကျင့်ကို ဘယ်လိုပြင်ပေးရမလဲ မသိဘူး..."

Loving Out LoudDove le storie prendono vita. Scoprilo ora