Ep - 41

5.7K 634 18
                                        

Unicode

နိုးနိုး ဘေစင်တွင်လက်ဆေး၍ မှန်ကြည့်နေခိုက်တွင် သူမ​၏အနောက်မျက်စောင်းထိုးရှိ အိမ်သာတံခါးက ပွင့်သည်ဆိုရုံလေး ဖြည်းညင်းစွာ ပွင့်လာသည်။ ထိုအိမ်သာထဲမှ ရိပ်မျက်ခြယ် ခေါင်းပြူထွက်လာသည်။ သူမ နိုးနိုးကို လှမ်း၍ အကူအညီတောင်းသည်။

"နိုး...ငါ ဘော်လီချိတ်ပြုတ်သွားလို့ လာတပ်ပေးပါဦး..."

ကူညီပေးရန်အလို့ငှါ ရိပ်,ရှိရာ အိမ်သာအတွင်းသို့ နိုးနိုး ဝင်ရောက်သွားသည်။ ရိပ်နှင့်နိုးနိုးတို့ အိမ်သာထဲသို့အတူတကွရောက်ရှိ၍ တံခါးပိတ်သွားသည်နှင့် မရှေးမနှောင်းပင် မိန်းကလေးသုံးဦး အိမ်သာထဲသို့ဝင်လာသည်။

ထိုသုံးဦးတွင် နှစ်ဦးသည် စီနီယာများဖြစ်ကြ၍ အတိအကျပြောရပါက ဘရဏီမိုး​၏သူငယ်ချင်းနှစ်ဦးဖြစ်သည်။ ကျန်တစ်ဦးသည် ဂျူနီယာဖြစ်၍ စန္ဒီပင်ဖြစ်ပါတော့​၏။ အတူတူဝင်လာခြင်းဖြစ်သော်လည်း ဝင်လာသောပုံစံက မတူညီ။ စီနီယာမိန်းကလေးနှစ်ဦးသည် အချင်းချင်းလက်ချိတ်၍ ကြော့ကြော့မော့မော့ လမ်းလျှောက်လာခြင်းဖြစ်ပြီး စန္ဒီကမူ သူတို့နှစ်ဦး​၏အိတ်များကို မနိုင့်တနိုင်ဆွဲကိုင်၍ အနောက်မှလိုက်ပါ,လာခြင်းဖြစ်သည်။

သူတို့သည် မှန်ရှေ့တွင်ရပ်ကာ သူတို့​၏ရုပ်ရည်ကို ပြန်လည်ပြင်ဆင်မှုပြုလုပ်နေရင်း အိမ်သာထဲ၌ သူတို့မှတစ်ပါး တခြားသူများမရှိဘူးအထင်နှင့် အချင်းချင်း စကား,ဆက်လက်ပြောနေကြသည်။

ဘရဏီမိုး​၏သူငယ်ချင်း မိန်းကလေး ၁ ကဆိုသည်။

"ခွန်စိုင်းမင်းရှန်နဲ့ အခုလက်ရှိတွဲနေတဲ့ ရိပ်မျက်ခြယ်ဆိုတဲ့ တစ်ယောက်က စန္ဒီတို့ အတန်းထဲကပဲ...ဟုတ်တယ်မလား"

" ဟုတ်တယ်...မမ"

ထိုစကားကို အိမ်သာအတွင်းရှိ နိုးနိုးနှင့်ရိပ်တို့ကြားသော် သူတို့သုံးဦးအား, မသိလိုက်ဘာသာဖြင့် နားစွင့်လိုက်မိသည်။

မိန်းကလေး ၁ ကပဲ ဆက်လက်စကားဆိုသည်။

" ခွန်စိုင်းမင်းရှန်က ဘယ်တုန်းက အရှုံးသမားပုံစံတွေကို ကြိုက်သွားတာလဲ...ရိပ်မျက်ခြယ်ဆိုတဲ့တစ်ယောက်က မလှပါဘူးဟာ...ရုပ်ကလည်း သာမန်ပဲ...ခန္ဓာကိုယ်ကလည်း သာမန်ပါပဲ...လုံးဝသာမန်ဆန်လွန်းလို့ ဆွဲဆောင်မှုလည်း မရှိဘူး..."

Loving Out LoudWhere stories live. Discover now