Extra - 2

10K 548 22
                                    

Unicode

လင်း​၏မျက်ခွံဘေးများ တွန့်ခနဲတုန်လှုပ်သွားပြီးနောက် မျက်လုံးများကိုဖြည်းညှင်းစွာဖွင့်လိုက်သည်။ အလင်းစူးစူးကြောင့်မျက်မှောင်ကိုကြုတ်၍ မျက်လုံးတို့ကိုချက်ချင်း ပြန်မှိတ်လိုက်မိ​၏။ နောက်မှတဖန် နိုးခါစဖြစ်သောကြောင့်အရည်ကြည်များနှင့်ရစ်သိုင်းနေသော မျက်လုံးများကို ဖြည်းဖြည်းချင်း ပြန်ဖွင့်လိုက်သည်။ ခါးကြောကိုဆန့်ကာ အညောင်းဆန့်ရင်း "အင်း...."ဟူသော ညည်းသံတစ်ခုကို အသံဆွဲ၍ပြုလုပ်လိုက်သည်။

ထိုအသံကြောင့် မိမိဘေးတွင် ထိုင်၍ဖုန်းကြည့်နေသောရှင်းယံသည် သူနိုးလာကြောင်းသိသွားပြီး ခေါင်းအုံးပေါ်တင်ထားသော လင်း​၏လက်ကိုဆုပ်ကိုင်လိုက်သည်။
ရှင်းယံသည် ဖုန်းမှအကြည့်မခွာဘဲ ပြုံးသည်။

"နိုးပြီလား...sleepyhead "

"နိုးပြီ....ကိုကိုရော နိုးတာကြာပြီလား..."

လင်းသည် သမ်းဝေရင်း သူ​၏မျက်လုံးနှစ်ဖက်ကို လက်ဖြင့်ပွတ်တိုက်နေသည်။

"ကိုက မနက်၅နာရီထဲက နိုးတာ"

"အစောကြီး ဘာထ,လုပ်တာလဲ"

"အဓိဋ္ဌာန်ရှိလို့ ဘုရားထ,ရှိခိုးတာ...တရားလည်းထိုင်ရင်းနဲ့"

"တော်လိုက်တာ...ဘုရားတရားရိုသေကိုင်းရှိုင်းတဲ့စိုင်းရှင်းယံပဲ"

လင်းသည် လှဲနေရာမှ ထ,ထိုင်လိုက်သည်။ စိုင်းရှင်းယံကား သူ​၏ဖုန်းကိုကြည့်နေဆဲ။

"မနက်စာ စားပြီးပြီလား"

"ဟင့်အင်း...ခတ်နဲ့အတူစားဖို့စောင့်နေတာ"

" ဖုန်းမှာ ဘာတွေကြည့်နေတာလဲ"

လင်းသည် ရှင်းယံ​၏ဖုန်းကိုကြည့်ရန် ရှင်းယံအနားသို့တိုးကပ်လိုက်သည့်သကာလ ရှင်းယံသည် သူ​၏ဖုန်းကိုအမြန်ပိတ်ချလိုက်ကာ လင်း​၏မျက်နှာအရှေ့တွင် ကွယ်လိုက်သည်။ သူသည် လင်း​၏ရှုပ်ပွနေသောဆံပင်တို့ကို လက်ချောင်းလေးများဖြင့် ထိုးဆွလိုက်သည်။

" ကို ဗိုက်ဆာနေပြီ။ မြန်မြန်မျက်နှာသွားသစ်ချည်"

"ဟုတ်...ဒါနဲ့ အခုဘယ်အချိန်ရှိပြီလဲ"

Loving Out LoudOnde histórias criam vida. Descubra agora