Unicode
စားသောက်ဆိုင်မှအပြန်တွင် ရှင်းယံထံမှ
" အစ်ကိုနဲ့ လိုက်ခဲ့လေ...အိမ်ပြန်ပို့ပေးမယ်...."
ဟူသောစကားသည် လင်းကို ကြည်နူးပျော်ရွှင်သွားစေသည်။ ဒီတစ်ခါ နက္ခတ်နှင့်ရှင်းယံဝိုင်းမလုတာကို ကျေးဇူးတင်ရမည်။ ရှင်းယံက ဒီတစ်ခါ ထူးထူးခြားခြားဖြင့် Driver မပါလာဘဲ ကားကို သူကိုယ်တိုင်မောင်းလာသည်တဲ့။
Driver မပါတော့ပိုကောင်းသည်။
ရှင်းယံနှင့် နှစ်ယောက်တည်းအတူ ရှိရမည်မဟုတ်ပါလား။ရှင်းယံက ကားစရီယာရင်ရှေ့တွင်ထိုင်ပြီး ခါးပတ်,ပတ်နေသည်။ လင်းလည်း ခါးပတ်ကြိုးကိုဆွဲလိုက်ပါသေးသည်။ နောက်မှ ရုပ်ရှင်ထဲတွင် တွေ့ရဆုံးသော ဇာတ်ဝင်ခန်းတွေကို သွားသတိရမိသည်။
" ခါးပတ်ကြိုးက ကျပ်နေတယ်ထင်တယ်...."
မုသားလေးနှင့်ပြောရင်း သရုပ်ဆောင်မှုအတန်ငယ်ထည့်ရသည်။ ကြိုးကို အားမရှိစွာဆွဲပြရင်း တကယ်ကျပ်နေသလို ဟန်ဆောင်ရသေးသည်။
တကယ်တမ်းဖြစ်သင့်သည်က ရှင်းယံက လင်းဘက်ကို တိုးကပ်လာပြီး ကြိုးကိုကူဆွဲပေးရမည်။ ထိုမှသာ ရှင်းယံနှင့်လင်းတို့ မျက်နှာချင်း သိပ်ကိုနီးကပ်သွားလိမ့်မည်။
သို့သော် ရှင်းယံက တစ်ချက်သာလှမ်းကြည့်ပြီး
အေးတိအေးစက်အသံနှင့်..." ဟုတ်လား...." ဟူသော တစ်ခွန်းထဲ။
" ကြိုးက တကယ်ကျပ်နေတာနော်..."
" အားထည့်ပြီးဆွဲကြည့်လိုက်လေ...."
ရှင်းယံ ကားစက်နှိုးနေသည်။ လင်း၏ ဉာဏ်ဆင်မှုဂွင်ထဲ
မရောက်လာသဖြင့် စိတ်ထဲညစ်မှိုင်းသွား၏။
"မလုပ်ပေးလဲ နေတော့ဟာ" ဟု စိတ်ပေါက်ပေါက်ဖြင့်
တွေးရင်း ကြိုးကိုဆွဲပြီး ပတ်လိုက်သည်။" ရသွားပြီပဲ...."
ရှင်းယံ၏စကားကြောင့် လင်းမျက်မှောင်ကြုတ်မိသည်။
ရှင်းယံက ကားကို စတင်မောင်းထွက်လိုက်၏။ရှင်းယံ၏ လက်ချောင်းရှည်ရှည် ဖြူဖြူသွယ်သွယ်လေးများက စတီယာရင်ကိုကိုင်ထားသည်ကိုမြင်ရသည်မှာ သိပ်ကို ဆွဲဆောင်မှုရှိသည်ဟု ထင်မိသည်။
ESTÁS LEYENDO
Loving Out Loud