Unicode
အိပ်ရာမှနိုးနိုးချင်း ပထမဆုံးလုပ်မိသောအရာသည်
ဖုန်းကို ဖွင့်လိုက်ခြင်းပင်ဖြစ်သည်။ အင်တာနက်ဖွင့်လိုက်သည်နှင့် group chat ထဲမှ နိုးနိုး၏စာ အရင်ဦးစွာရောက်နေ၏။နိုးနိုး : oh my god ! လင်းရေ....
ဟူသော စာနှင့်အတူ ပုံတစ်ပုံပို့ထားသည်။ ပို့ထားသောပုံသည် စိုင်းရှင်းယံတင်ထားသော post တစ်ခုကို screenshot ရိုက်ထားခြင်းဖြစ်သည်။ ယင်း postမှာ
You're just too good to be true
Can't take my eyes off youဟူသော Caption နှင့်အတူ စိုင်းရှင်းယံ၏ပုံအချို့ဖြစ်သည်။
စိုင်းရှင်းယံ၏ပုံများက သင်္ဘောပေါ်တွင်ရိုက်ထားသောပုံများဖြစ်သည်။ အတိအကျပြောရလျှင် လင်းရိုက်ပေးထားသောပုံများဖြစ်သည်။ ထို့နောက် caption ၏ အောက်တွင်
📷 - Linn Thu Khat
ဟု Mention ထားသည်ကို တွေ့လိုက်ရသည်။
လင်း ကျေနပ်အားရဖြစ်သွားပြီး ဝမ်းသာစိတ်မှာ ငယ်ထိပ်တက်ဆောင့်သွားသည်။ ချက်ချင်းပင် Facebook ထဲဝင်ကြည့်သောအခါ 'Sai Shin Yan mentioned you' ဟူသော notification လေးကို အပေါ်ဆုံးတွင်တွေ့ ရသည်။
မနက်ခင်းလေးသည် ကောင်းသောကျက်သရေအဖြာဖြာနှင့် ပြည့်စုံသွား၏။လင်းပြုံးစိစိဖြစ်ရင်း group chat ထဲသို့ စာပြန်ပို့လိုက်သည်။
လင်း : မိုက်တယ်မလား
ရိပ် : caption က can't take my eyes off you တဲ့ ။ ပြီးတော့ ဓာတ်ပုံရိုက်ပေးတာက လင်းဆိုတော့
SSY က လင်းကို ရည်ညွှန်းပြီးပြောတာများလား😮သုတ : အဲ့တာ သီချင်းစာသားပါ...ဒီတိုင်း caption အနေနဲ့ ရေးထားတာ ဖြစ်မှာပါ
နိုးနိုး : ဘာပဲဖြစ်ဖြစ် လိုရာဆွဲတွေး တို့အရေးပဲ
SSY နဲ့ပတ်သတ်ပြီး လင်းရဲ့အခြေအနေကောင်းနေပြီ!******************************
" အခုဆိုရင် စိုင်းရှင်းယံက လင်းကို တော်တော်လေး
သိသွားပြီ.....ငါတို့က ဒါကို ထပ်ဆင့်ပြီး အချောသတ်ပေးဖို့လိုတယ် "
YOU ARE READING
Loving Out Loud