Unicode
"ကိုကို...ကိုကိုရေ"
ရေချိုးခန်းထဲမှပေါ်ထွက်လာသော စူးစူးရှရှအော်ခေါ်သံသည် တိုက်တစ်ခုလုံးကိုပင်ပြိုကျစေတော့မည့်အလား။
ထိုအသံကြောင့် ဧည့်ခန်းရှိစာအုပ်စင်တွင် စာအုပ်များကို
စီစီရီရီတင်နေသည့် စိုင်းရှင်းယံ လန့်သွားရပြီး စာအုပ်တစ်အုပ်ကိုပင် လွှတ်ချလိုက်မိသွားဖြစ်သွားသည်။ ထိုစာအုပ်သည် ထူထဲသည့်အပြင် အဖုံးမှာလည်းမာကြောလှသည်ဖြစ်ရာ ကံမကောင်းစွာပင် စိုင်းရှင်းယံ၏ခြေဖမိုးတည့်တည့်ပေါ်သို့ ပြုတ်ကျသွားလေသည်။စိုင်းရှင်းယံသည် "အ" ခနဲအသံထွက်ကာ သူ၏နာသွားသောခြေထောက်ကို ဒူးကွေး၍မြှောက်လိုက်ပြီး ခြေဖမိုးကိုလက်ဖြင့် အသာအယာပွတ်သပ် ဆုပ်ကိုင်လိုက်သည်။
"ကိုကို...လာဦး"
အော်ခေါ်သံမှာ ထပ်မံ၍ပေါ်ပေါက်လာသည်။ ဒီတစ်ခါ
အသံတွင် စိတ်မရှည်မှုအချို့ ကပ်ညိလာသည်။"လာပြီ"
ရှင်းယံ ရေချိုးခန်းရှေ့အပြေးရောက်သွားသောအခါ လင်းသုခတ်သည် ရေချိုးခန်းတံခါးကိုအကာအကွယ်ပြုလျက် သူ၏ပခုံးတစ်ခြမ်းနှင့် မျက်နှာလေးကိုသာဖော်ကာ
ပြူးကြောင်ကြောင်ရုပ်ဖြင့် ကြည့်နေသည်။ ရေစိုနေသော
ဆံစများမှရေများက သူ၏ပခုံးသားထက်သို့ တတောက်တောက် ကျနေလျက်။ ထိုရေများသည် ပခုံးရိုးထက်မှ
စီးကျသွားကာ သူ၏ချိုင့်နေသောညှပ်ရိုးကြားတွင် ရေအိင်တစ်ခုလို ကိန်းဝင်ခိုအောင်းသွားသည်။ တချို့သောရေစက်များက တံခါးနောက်ကွယ်တွင်ပုန်းကွယ်နေသဖြင့် တစ်ဝက်တစ်ပျက်သာပေါ်နေသော သူ၏ရင်ဘတ်အပေါ်သို့ စီးကျနေသည်။"ဘာတုန်း"
" ကျွန်တော့်ကို တဘက်လေးယူပေးပါလား။ မေ့လာလို့"
"တဘက်လား"
" ဟုတ်တယ်။ ကုတင်ပေါ်မှာ တင်ထားတယ်။ တင်ထားပြီးတော့ ယူလာဖို့မေ့သွားလို့"
ရှင်းယံသည် အခန်းဘက်သို့လှည့်ကြည့်လိုက်သေးသည်။
ထို့နောက်သူသည် လင်းဘက်ကိုပြန်လှည့်ကြည့်လာပြီးနောက် သူ၏နှုတ်ခမ်းစွန်းနှစ်ဖက်သည် တွန့်ခေါက်ချိုးကာ လှပသောညစ်ကျယ်ကျယ်အပြုံးတစ်ခု ဖြစ်သွားသည်။
VOCÊ ESTÁ LENDO
Loving Out Loud