Unicode
" အခု ဘာဆက်လုပ်မှာလဲ "
ဗညားက မေးခွန်းထုတ်သည်။ ဗညားမေးခွန်းကို မဖြေနိုင်သေးခင် နိုးနိုးက သူ့ခေါင်းသူတခြစ်ခြစ်ကုတ်နေသည်။
" လင်းနဲ့ စိုင်းရှင်းယံကို စတွေ့အောင်လုပ်ရမယ် ...ဒါပေမဲ့
ဘယ်လိုလုပ်ရင်ကောင်းမလဲ ငါမစဉ်းစားတတ်တော့ဘူး"" messenger မှာ သွား hi ရင်ရော "
သုတက အကြံဝင်ပေးသောအခါ နိုးနိုးက လက်ခါပြလေသည်။
" ငါကြားသလောက် စိုင်းရှင်းယံက messenger
သိပ်မသုံးဘူး ...မသိတဲ့သူတွေဆို reply မပြန်ဘူးတဲ့ ....
လင်းနဲ့က မသိသေးတော့ Reply ပြန်မှာမဟုတ်ဘူး"သူတို့အသီးသီး ရှိရှိသမျှဦးနှောက်အစွမ်းများဖြင့် အကြံထုတ်နေကြသည်။ လင်းက သူတို့အလယ်တွင် ဟိုကြည့် ဒီကြည့်နှင့်သာ အသံတိတ်နေ,နေ၏။ ခဏကြာသော် ရိပ်က ထ,ပြောသည်။
" ဝင်တိုက်ရင်ရော...မတော်တဆ ဝင်တိုက်တဲ့ပုံလုပ်ရင်ရော..."
" နင့်ဟာက မြန်မာကား ဆန်လိုက်တာ..."
သုတက ထင်မြင်ချက်ပေးသည်။ ရိပ် လည်ပင်းကိုမော့လိုက်ကာ ဟန်ပါပါ ဖြေရှင်းချက်ပေးသည်။
" ဟုတ်တယ်လေ...မြန်မာကားထဲမှာဆို အဲ့နည်းနဲ့စတွေ့တာပဲလေ....အဲ့နည်းက အလွယ်ဆုံးနဲ့ အထိရောက်ဆုံးပဲ....လင်း အနေနဲ့ ဝင်တိုက်ပြီးရင် စာအုပ်ချန်ခဲ့တာ ဖြစ်ဖြစ်...လက်ကိုင်ပဝါလေးထားခဲ့တာဖြစ်ဖြစ် ....စာအုပ်နဲ့ လက်ကိုင်ပဝါမှာတော့ နာမည်နဲ့ အတန်းလေးထိုးထားပေါ့....စိုင်းရှင်းယံက ပြန်လိုက်ပေး....ပြီးမှ ခင်သွားအောင်
ဖောရှောလုပ်လိုက်ပေါ့ "နိုးနိုးက လက်မထောင်ကာ အားပါးတရဝင်ပြောသည်။
" အေးဟဲ့....အဲ့အကြံမဆိုးဘူး....ဉာဏ်ဆင်နည်းအဟောင်းကြီးပေမဲ့ သစ်တယ် ...."
"လက်ကိုင်ပဝါတော့ မလုပ်ပါနဲ့ဟာ...စာအုပ်ပဲကောင်းပါတယ်"
လင်း ပြောတော့ရိပ်က " အေး...စာအုပ်ပဲလုပ်ပါ" ဟုပြန်ပြောလေသည်။ဗညားက လင်း၏ ပခုံးအပေါ်လက်တင်လိုက်ပြီး....
" နောက်ပိုင်းကိစ္စတွေက....လင်း ...မင်းအပေါ်မှာပဲမူတည်တော့တယ်....မင်းကပဲ အကွက်တွေချပြီး လှုပ်ရှားရတော့မှာ "
YOU ARE READING
Loving Out Loud