Ep - 18

6.4K 822 57
                                    

Unicode

" ငါတို့ဘာဆက်လုပ်ကြမလဲ ကျူးရင့်..."

ဖုန်းမှထွက်ပေါ်လာသော နက္ခတ်ညီ၏အသံသည်
လေးနက်တည်ငြိမ်နေ​၏။ ကျူးရင့်သည် ဘယ်လက်ဖြင့်
ဖုန်းကိုင်ထားရင်း ဆံပင်ကိုညာလက်နှင့်သပ်တင်လိုက်သည်။

" ဘာကိုပြောတာလဲ...."

" လင်းသုခတ်နဲ့ ပတ်သတ်ပြီးတော့....ဘာဆက်လုပ်ကြမလဲ"

" မသိဘူးလေ...အဲ့တာနင့်အပိုင်းပဲ...ငါ မပါဘူး..."

" ဒီအကြံကို စ,ပေးတာ နင်နော် ...."

ကျူးရင့်သည် သူမ၏ခြောက်သွေ့နေသော
ပန်းနုရောင်နှုတ်ခမ်းကို လျှာဖြင့်သပ်လိုက်သည်။

" ခွန်စိုင်းကို မြှောက်ပေးလိုက်...သူက ရိပ်မျက်ခြယ်ကို
ကြိုက်နေတော့ ရိပ်မျက်ခြယ်နဲ့ အပြင်တွေဘာတွေ
ထွက်ခွင့်ရဖို့ ကြိုးစားနေမှာပဲ....ရိပ်မျက်ခြယ်ပါရင် သူ့အဖွဲ့ ပါလာလိမ့်မယ်..."

" ငါက လင်း အနားမှာနေဖို့ပဲ...ဟုတ်တယ်မလား..."

" ဟုတ်တယ်....နင်သေချာ လုပ်ဖို့တော့ လိုတယ်..."

"ငါသေချာလုပ်ပါတယ်...ဒါပေမဲ့ ငါ လင်းအနားမှာနေရင်ရော...ရှင်းယံဘက်က ငါ့အပေါ်သေသေချာချာတုံ့ပြန်လာပါ့မလား..."

" ဒါကတော့...စောင့်ကြည့်,ကြည့်ပေါ့...."

ကျူးရင့်သည် ထိုစကားကိုဆိုရင်း နံရံတွင် ကပ်ထားသော
ဓာတ်ပုံကိုလှမ်းကြည့်လိုက်သည်။

ထိုပုံသည် ကျူးရင့်၊ နက္ခတ်ညီ၊ ရှင်းယံ၊ ခွန်စိုင်းနှင့်
ဖြိုး တို့အတူတူရိုက်ထားသော ဓာတ်ပုံပင်။ ထိုပုံထဲတွင် ကျူးရင့်တို့အားလုံး ပြုံးရယ်နေကြသည်။

*************************************

"ဒါပြီးရင်...နှစ်ခုလုံးကိုညီမျှခြင်းချပြီး ဆက်တွက်လိုက်ရင်ရပြီ..."

ရှင်းယံသည် သင်္ချာတစ်ပုဒ်ကို သေသေချာချာတွက်ပြ၊ ရှင်းပြနေသော်လည်း လင်း​၏အာရုံမှာ စာထဲတွင်မရှိပါချေ။ လင်းသည် စာအုပ်ကိုကြည့်ရမည့်အစား ရှင်းယံကိုသာ မျက်တောင်မခတ်တမ်း ငေးကြည့်နေသည်။

ဒါလင်း​၏အမှားမဟုတ်ပါ။ ရှင်းယံနှင့်အတူရှိနေချိန်အတွင်း ရှင်းယံကိုမကြည့်ဘဲ စာလုပ်နေပါက အချိန်တွေကိုဖြုန်းတီးရာရောက်လိမ့်မည်။ ရှင်းယံကိုငေးကြည့်ရင်း အချိန်ကို အကျိုးကျိုးရှိရှိကုန်ဆုံးရမည်။

Loving Out LoudWhere stories live. Discover now