Ep - 29

4.8K 651 2
                                    

Unicode

ကျောင်းမတက်ခင် မနက်ခင်းအချိန်၌ လင်းတို့အုပ်စုသည် ထုံးစံအတိုင်း မုန့်ဈေးတန်းတွင် ဝေးလားဝါးလားဖြင့် ထိုင်နေကြသည်။

သိပ်မကြာခင်မှာပင် စိုင်းရှင်းယံ၊ နက္ခတ်ညီ၊ ခွန်စိုင်းမင်းရှန်နှင့် ဖြိုးသတ္တိလှိုင်တို့ ရောက်လာသံကိုကြားသည်။ လျှမ်းလျှမ်းတောက်နာမည်ကြီး၊ ရုပ်ရည်ရူပကာချောမောသော ကောင်လေး,လေးယောက်က မုန့်ဈေးတန်းအတွင်းသို့ အရှိန်အဝါများစွာနှင့် ခပ်တည်တည်၊ကြော့ကြော့မော့မော့နှင့် ဝင်ရောက်လာကြသည်မှာ ဘေးမှငေးကြည့်နေသော၊ ဝိုင်းကြည့်နေသောလူများကို အာရုံမစိုက်သည့်အလား။

သူတို့လေးယောက်သည် လင်းတို့အုပ်စုရှိရာစားပွဲသို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ချလာသည်။ စားပွဲဆီသို့ ရောက်သောအခါ ခွန်စိုင်းက စားပွဲပေါ်သို့ လက်ဆန့်တန်းထောက်လိုက်လျက်

" အစ်ကိုပြောစရာရှိလို့ ... "

ဟု ပြုံးပြုံးကြီး စကားစလိုက်သည်။

" နောက်အပတ် ဗုဒ္ဓဟူးနေ့ကျရင် အစ်ကို့မွေးနေ့ရှိတယ်....ညနေပိုင်း ( )ဆိုင်မှာ လိုက်ကျွေးဖို့ အစီအစဉ်ရှိတယ်...အဲ့တာ မင်းတို့အားလုံးကို ဖိတ်တယ်နော်.....အကုန်လုံး လာခဲ့ကြပါ....ရိပ်ကိုတော့ အထူးစပယ်ရှယ်ဖိတ်တယ်နော်...ရိပ်က လုံး ဝလာကိုလာရမယ်...."

ခွန်စိုင်း​၏စကားကြောင့် ရိပ်သည် သူမ​၏ဆံပင်ကိုသပ်တင်ရင်း တိုးဖွစွာရယ်သည်။ ခွန်စိုင်းက သူမကိုစူးစိုက်ကြည့်နေသဖြင့် နေရခက်မှုအပြင် ရှက်သွေးအနည်းငယ်ပါဝင်သည်။

" ကောင်းတာပေါ့...အစ်ကိုမွေးနေ့လက်ဆောင်ဘာလိုချင်လဲ...."

ဗညားမှ ပြောသောအခါ ခွန်စိုင်း လက်ခါပြသည်။

" မွေးနေ့လက်ဆောင်မလိုပါဘူး.....မွေးနေ့က ဒီတိုင်း
သူငယ်ချင်းတွေနဲ့ ပျော်ပျော်ပါးပါးစားဖို့သောက်ဖို့ပဲလုပ်တာ...ဖိတ်ထားတာလည်း အစ်ကိုတို့အုပ်စုရယ်...မင်းတို့အုပ်စုရယ်... အစ်ကို့ရဲ့တခြားသူငယ်ချင်း တစ်ယောက် နှစ်ယောက်ရယ်ပဲ....ဆိုင်လိပ်စာကိုနောက်မှ ပို့ပေးလိုက်မယ်နော်..."

Loving Out LoudWhere stories live. Discover now