Ep - 59

5.6K 553 6
                                    

Unicode

"ဟုတ်တယ်၊ ရှင်းယံက ငါ့အိမ်ရောက်နေတာ။ အိမ်မှာလည်း ငါတစ်ယောက်တည်းဆိုတော့ သူလည်းလာနေမယ်ဆိုပြီးရောက်နေတာ။ အခုတော့ သူ အိပ်ရာက မနိုးသေးဘူး။ အိပ်နေတုန်းပဲ"

ဖုန်းကို နားရွက်နှင့် ပခုံးကြားတွင်ညှပ်၍ပြောနေရင်း
ကော်ဖီခွက်ထဲသို့ ရေနွေးအား လောင်းထည့်လိုက်သည်။
လက်အရှိန်လွန်ကာ ခွက်ထဲတွင် ရေနွေး များသွားသည်။ ကော်ဖီအရသာပေါ့သွားမည်စိုးသောကြောင့် ကော်ဖီမှုန့်ထပ်ထည့်ရန် တွေးလိုက်မိသည်။

" အော်။ အဲ့တော့ ရှင်းယံနဲ့ နင်နဲ့ အတူတူအိပ်တာပေါ့။"

နိုးနိုးသည် ဘာမှမထူးခြားသလို အသံငြိမ်ငြိမ်ဖြင့်ပြော​၏။ သို့သော် လင်းကတော့ ရေနွေးများနေသောကော်ဖီခွက်ထဲသို့ အမှုန့်ထပ်ထည့်ရန် ကော်ဖီမှုန့်ဘူးကိုလှမ်းယူနေသောလက်ကို ရပ်တန့်ပစ်လိုက်သည်။ လင်း
မျက်မှောက်ကြုတ်သည်။

"အဲ့တာ ပြောမလို့"

လင်းသည် ပခုံးနှင့်နားရွက်ကြားညှပ်ထားသောဖုန်းကို
လက်ဖြင့်သေချာကိုင်လိုက်သည်။

"ရှင်းယံကပြောတယ်ကွာ။ လက်ပဲ ကိုင်အိပ်မှာ၊ ကိုယ့်ကို
ယုံတယ်မလားတဲ့။ ပြီး​တော့ တကယ်လည်း တစ်ညလုံး
လက်ပဲကိုင်တယ်။ လက်ကိုပဲ ကိုင်တာ။ နင်စဉ်းစားကြည့်။ လက်ကလေးကိုပဲကိုင်တာ"

" အေး။ အဲ့တာဘာဖြစ်လို့လဲ။ လက်ပဲကိုင်အိပ်လို့ မကျေမနပ်ဖြစ်နေတာလား။ လက်ပဲကိုင်မအိပ်လို့ နင်က ဘယ်လိုအိပ်စေချင်လို့လဲ"

ပြောရင်းဆိုရင်း တစ်ဖက်မှနိုးနိုး​၏ရယ်သံထွက်ပေါ်လာသည်။

"စောက်ကောင် လင်းသုခတ်။ အမယ်လေးဟဲ့။ လက်ပဲကိုင်အိပ်တာထက် ပိုလိုချင်ရင် ရှင်းယံကိုပြောလေ။
ဘာလို့ ငါ့လာပြောနေတာလဲ"

ထိုအခါမှ လင်း​၏မျက်နှာရဲသွားသည်။

" ဟဲ့ နင် မဟုတ်တာတွေ လျှောက်မတွေးနေနဲ့ "

"ဟယ်၊ ငါက ဘယ်နားက မဟုတ်တာတွေးလို့လဲ။
နင်ပြောလို့ ငါလိုက်ပြောတာလေ"

"ငါက အဲ့သဘောမျိုးနဲ့ပြောတာမှ မဟုတ်တာ"

" အဲ့တာဆို ဘယ်လိုသဘောမျိုးနဲ့ပြောတာလဲ။ ဆိုပါဦး"

Loving Out LoudWhere stories live. Discover now