Unicode
ရှင်းယံ မြင်လိုက်သည်။
နောက်ပြန်လန်လဲကျသောလင်းကို နက္ခတ် ခါးမှဆွဲဖမ်းလိုက်ခြင်း။
"ဘာ...ဘာပြောစရာကျန်သေးလို့လဲ..."
ပြုတ်ကျမည်စိုးသဖြင့် နက္ခတ်၏အင်္ကျီစကို လင်းဆုပ်ကိုင်လိုက်သည်။
"ငါ့အင်္ကျီ မနက်ဖြန်ပြန်ပေး...."
"အင်း...ပေးမှာပါဆိုနေ..."
လင်း မတ်တပ်ပြန်ရပ်ရန် ကြိုးစားသော်လည်း နက္ခတ်၏လက်က သူ့ခါးကိုဆုပ်ကိုင်ထားစမြဲ...
"လွှတ်လေ..."
"မင်း...ငါ့ကို ဒုက္ခပေးတယ်နော်"
"ဘယ်တုန်းကလဲ...အာ...နေပါဦး...အင်္ကျီက ကျွန်တော်ခိုးသွားတာမှ မဟုတ်တာ...ကိုကြီးကြောင့် ကျွန်တော့်အင်္ကျီစွန်းသွားလို့ ကိုကြီးပေးလိုက်တာလေ...အဲ့တာ ကျွန်တော်ဒုက္ခပေးတာမှ မဟုတ်တာ...အခုလည်း ပြန်ပေးမယ်လို့ ပြောနေပြီကို..."
"အဲ့တာကို ပြောတာမဟုတ်ဘူး..."
နက္ခတ် လင်းကိုလွှတ်ပေးလိုက်ပြီး လင်း၏ကျောပိုးအိတ်ကို ဆွဲယူလိုက်သည်။ ထိုအိတ်ရှိ ကီးချိန်းတွင်ငြိနေသော မိမိ၏နားဆွဲကို ဆွဲဖြုတ်ယူလိုက်သည်။
"နားဆွဲက ဘယ်လိုလုပ် ကျွန်တော့်အိတ်မှာ..."
လင်း တအံ့တဩပြောသည်။ နက္ခတ်သည် ကျောပိုးအိတ်ကို လင်းထံပြန်ပစ်ပေးသဖြင့် လင်းဖမ်းယူလိုက်သည်။
"မင်းအိတ်မှာ ဘာငြိနေတယ်ဆိုတာတောင် မင်းမသိဘူးလား...ကိုယ့်ပစ္စည်းတောင် ကိုယ်မသိဘူး...အာရုံစူးစိုက်မှုက ကောင်းလိုက်တာ...."
"........"
"လတ်စသတ်တော့ အဲ့နေ့က ငါ့နားကိုပြုတ်ထွက်အောင်လုပ်တာ မင်းကိုး..."
" နားတော့မပြုတ်ထွက်ပါဘူး...အပိုတွေက..."
" နာတယ်ကွ..."
နက္ခတ်သည် ရှုံ့မဲ့ရင်းအော်ငေါက်၏။ ထို့နောက် သူ၏သားရေဘောလုံးကို ပြန်ကောက်ယူလိုက်သည်။
"အင်္ကျီကို မနက်ဖြန်ဆက်ဆက်လာပေး"
နက္ခတ် သားရေဘောလုံးကို လက်တစ်ဖက်ဖြင့်ပိုက်၊ သူ၏နားဆွဲကို နောက်တစ်ဖက်ဖြင့်ကိုင်၍ယမ်းခါရင်း ပြောသည်။ အဆုံးသတ်တွင် မျက်စိတစ်ဖက် မှိတ်ပြသွားသေး၏။
YOU ARE READING
Loving Out Loud