Ep - 15

6.7K 827 24
                                    

Unicode

" အဲ့တော့ မင်းက အဲ့စာအုပ်တွေအကုန်ဖတ်ဖူးတယ်ပေါ့"

စိုင်းရှင်းယံက အံ့အားသင့်ဟန်ဖြင့်မေးသောအခါ လင်းက
ဂုဏ်ယူဝင့်ကြွားစွာ ခေါင်းညိတ်သည်။ သူတို့နှစ်ယောက်သည် စာကြည့်တိုက်အလယ်ရှိ စားပွဲခုံ၌မျက်နှာချင်းဆိုင် ထိုင်နေကြပြီး စာကြည့်တိုက်ထဲတွင်လည်း စာကြည့်မှူးမှအပ သူတို့နှစ်ဦးတည်းသာ ရှိနေသည်။ နှစ်ယောက်သား၏လက်ထဲတွင် စာအုပ်ကိုယ်စီရှိသော်လည်း စာမဖတ်ဘဲ တိုးတိုးတိတ်တိတ် စကားများနေကြခြင်းဖြစ်သည်။

" သူတို့တွေက ကျွန်တော့်အကြိုက်ဆုံးတွေပဲ...."

စိတ်ထဲတွင်တော့ ရိပ်တို့အိမ်ကစာအုပ်စင်ကြီးကို ထိုင်ရှိခိုးချင်စိတ်ပေါ်နေသည်။ ရိပ်တို့အိမ်ကစာအုပ်စင်မှာ စိုင်းရှင်းယံ recommend ပေးသမျှ စာအုပ်တွေရှိနေတာ ဘုရားပေးသော ဆုလာဘ်ပင်။

" မင်း စာဖတ်ဝါသနာ,ပါမယ်လို့ အစ်ကို မထင်ထားဘူး"

" ကျွန်တော်က ငယ်ငယ်လေးကတည်းက စာဖတ်ရတာကြိုက်တာ....ကျွန်တော်က ဘာသာပြန်တွေ လျို့ဝှက်နက်နဲဇာတ်လမ်းတွေ...စိတ်ကူးယဉ်တွေ.. ကိုပိုသဘောကျတယ်"

" အစ်ကိုရောပဲ....အကြိုက်တူတယ်...."

လင်း တဟီးဟီးနဲ့ ရယ်နေလိုက်သည်။
ဒါကညီမဖြစ်သူ မဒီ့ရဲ့ကျေးဇူး။ သူစုံစမ်းထားတာတွေနဲ့
ကွက်တိပဲ....

" အစ်ကိုက ရသစာပေလည်းသဘောကျတယ်.....
ပြီးတော့ သမိုင်းအကြောင်းတွေ ရေးထားတာဆိုလည်း
စိတ်ဝင်စားတယ်...."

" သမိုင်းကြောင်းဆိုရင် ကျွန်တော်က ဒေါက်တာသန်းထွန်းရဲ့စာအုပ်တွေဖတ်တယ်....သူက လုံးဝ သက်သေအထောက်အထားတွေနဲ့ အတိအကျ သမိုင်းကိုပြောတာ..."

" မင်း...ဒေါက်တာသန်းထွန်းကို သိတယ်ပေါ့....."

စိုင်းရှင်းယံက ဒုတိယအကြိမ် အံ့အားသင့်ဟန်နှင့်ပြောပြန်သောအခါ လင်း သွားဖြဲပြီး ရယ်လိုက်သည်။

" ကျွန်တော် သူ့ကိုသဘောကျတယ်....ကျွန်တော့်မှာသာ
အခွင့်အရေးရှိရင် သူနဲ့သွားတွေ့ပြီး သမိုင်းနဲ့ ပတ်သတ်ပြီး သိချင်တာလေးတွေ မေးဦးမှာ..."

Loving Out LoudWo Geschichten leben. Entdecke jetzt