Ep - 55

7.7K 678 28
                                        

Unicode

ဇူလိုင် ၁၆ရက်နေ့.....
နာမည်ကြားဖူးတာကြာပြီဖြစ်ပေမဲ့ သူ့ကိုအပြင်မှာပထမဦးဆုံး တွေ့တဲ့နေ့။ ပြီးတော့ အဲ့ဒီ့ကောင်လေးနဲ့စဆုံဖို့ ဖြစ်လာတဲ့နေ့။

"လင်း...မထွက်လာသေးနဲ့...."

အော်သံတစ်ခုကြောင့် မသိစိတ်အရ လှည့်ကြည့်လိုက်မိသ ည်။ နက္ခတ်၏တည့်တည့်သို့ တစ်စုံတစ်ယောက်က အရှိန်နှင့်ပြေးလာသည်ကို မြင်လိုက်ရသောအခါ နက္ခတ် အလန့်တကြားရှောင်ဖယ်လိုက်၏။ နက္ခတ်ရှောင်လိုက်သောကြောင့် ထိုပြေးလာသောကောင်လေးမှာ ကြမ်းပြင်ပေါ်သို့ မှောက်ရက်ချော်လဲသွားသည်။ထိုအခါမှ ကြမ်းပြင်ပေါ်တွင် မှောက်ခုံလေးဖြစ်နေသောကောင်လေးကို ဆွဲထူရန် သတိရမိတော့သည်။

" မင်း အဆင်ပြေရဲ့လား..."

" ဟုတ်ကဲ့...ပြေပါတယ်..."

ကောင်လေး၏ မျက်လုံးဝိုင်းဝိုင်းတို့က ပုတ်ခတ်ပုတ်ခတ်ဖြစ်နေသည်။ ပိန်ပိန်သွယ်သွယ်၊ မျက်လုံးဝိုင်းဝိုင်း၊ ရှုပ်ရှုပ်ပွပွဆံပင်တို့ဖြင့် ဒီကောင်လေးကို တစ်နေရာရာတွင် မြင်ဖူးသလိုခံစားမိနေသောကြောင့် မိမိ၏မှတ်ဉာဏ်တို့၌ ပြန်လည်စဉ်းစားရှာဖွေရသည်။

ဖြတ်ခနဲသတိရလာသည်။ ဒါဟာ ရှင်းယံ ပြောပြောနေတဲ့ လင်းသုခတ်ဆိုတဲ့ကောင်လေး။

လင်းသုခတ်ကို ဆွဲထူနေတုန်းမှာပင် အနားသို့ တခြားကောင်လေးတစ်ယောက် ရောက်ရှိလာသည်။ ကြည့်ရတာ လင်းသုခတ်ရဲ့သူငယ်ချင်းထင်ပါရဲ့။ လင်းသုခတ်နဲ့
သူ့သူငယ်ချင်းက ဒီမှာဘာလုပ်နေတာလဲ။

လင်းသုခတ်ကို ပြန်ကြည့်လိုက်တော့ လင်းသုခတ်၏နှာခေါင်းတွင်းမှ သွေးစတို့က နှုတ်ခမ်းစီသို့စီးကျနေသည်။

" သွေးတွေ...ထွက်နေတယ်...."

စေတနာနှင့် သတိပေးလိုက်၏။ လင်းသုခတ်က သူ​၏နှာခေါင်းကို အကြမ်းပတမ်းပွတ်တိုက်သည်။ ထိုအခါ သွေးတိုံ့ ပျံ့နှံ့သွားပြီး နှုတ်ခမ်းအထက်၌ နှုတ်ခမ်းမွှေးပမာဖြစ်သွားသည်။

" လင်း..မပွတ်နဲ့...နှာခေါင်းသွေးလျှံတာဖြစ်မယ်...လာ...သွားရအောင်..."

Loving Out LoudWhere stories live. Discover now