Unicode
Round - 4
ခေါင်းစဉ် - အားကိုးရခြင်းထမင်းစားပြီးသောအခါ နက္ခတ်ညီက ကိုယ်တိုင်ပန်းကန်ဆေးမည်လုပ်သဖြင့် ရှင်းယံကလည်း အားကျမခံ သူလည်း ပန်းကန်ဆေးမည်ဟုဆိုကာ မီးဖိုခန်းရှိဘေစင်တွင်နှစ်ယောက်သားတိုးဝှေ့နေကြသည်။
သုတို့နှစ်ယောက်ကို လင်း၏အမေက အင်္ကျီဂုတ်မှဆွဲကာ အနောက်သို့ဆွဲလိုက်သည်။ နှစ်ယောက်သား ယက်ကန်ယက်ကန်နှင့်ပါသွားကြသည်။
"သားတို့...ဘေစင်ပိုက်ကဆို့နေလို့ အဲ့မှာဆေးလို့မရဘူး...ပြီးတော့ ပန်းကန်တွေက မီးမီးဆေးလိမ့်မယ်...ထားလိုက်..."
မေမေ့စကားကြောင့် မဒီ "ဟမ်" ခနဲဖြစ်သွားသည်။
" ပန်းကန်တွေကအများကြီးပဲ...မီး မဆေးချင်ဘူး...သားသား ဆေးကွာ..."
" ဘာလဲ..ငါဟင်းချက်တယ်လေ...ပန်းကန်ကတော့ နင်ဆေးသင့်တာပေါ့..."
လင်း ဆတ်ဆတ်ထိမခံပြန်ပြောသည်။
" နင် ဟင်းချက်တာငါကူပေးတယ်လေ...နင်တစ်ယောက်တည်းအကုန်သိမ်းကြုံးလုပ်ရတာမှ မဟုတ်တာ..."
" မနေ့က ငါပန်းကန်ဆေးတယ်လေ...ဒီနေ့ နင်ဆေးရမှာလေ..."
" ဟယ်...ဟိုမောင်နှမနှစ်ယောက်...ပန်းကန်ကို တစ်ယောက်တစ်ဝက်ဆေး...ဒါပဲ...ငြင်းမနေကြနဲ့တော့"
မေမေ့၏အမိန့်အောက်တွင် လင်းနှင့်မဒီငြိမ်ကျသွားသည်။
"ဒီဘေစင်က ရေမကျလို့လား...အန်တီ..."
နက္ခတ်မေးသည်။
"ဟုတ်တယ်...အဲ့တာပြင်မယ်...ပြင်မယ်ဆိုပြီး ခုထိ ပိုက်ပြင်သမားမခေါ်ရသေးလို့ မပြင်ရသေးဘူး...သားသားက ပိုက်မပြင်တတ်ဘူးလေ...သူတို့အဖေကလည်း ဟိုတစ်လောကမှ လက်ကောက်ဝတ်ထိထားလို့ နာနေတယ်ဆိုတာနဲ့ ပြင်ခိုင်းလို့မရ..."
" ကျွန်တော်ပြင်တတ်တယ်...လုပ်ပေးရမလား..."
နက္ခတ် တက်တက်ကြွကြွပြောသည်။
" ဟယ်...မဟုတ်တာ...မလုပ်ပေးပါနဲ့...အားနာစရာ..."
" ရပါတယ်...အန်တီရဲ့...ကျွန်တော်တစ်ခါတည်းလုပ်ပေးသွားမယ်..."
YOU ARE READING
Loving Out Loud