Unicode
ဆေးပိုက်ပေါင်းများစွာဟာ ရှင်းယံ၏သွေးကြောကိုဖောက်ဝင်၍ အသွယ်သွယ်အတန်းတန်း။
မော်နီတာတွင် ပြသနေသောနှလုံးခုန်စက်တွင် အတွန့်အချိုးများသော မျဉ်းကြောင်းကလေးတစ်ကြောင်း ပြေးလွှားနေသည်။ နှလုံးခုန်နေခြင်းကို ပြသနေခြင်းဖြစ်သည့်တိုင် နှလုံးပိုင်ရှင်မှာတော့ အိပ်ရာထက်တွင်လှဲလျက် မျက်လုံးများပိတ်ကျနေသည်။
လင်းနှစ်သက်ရသော ရှင်းယံ၏မျက်တောင်စိပ်စိပ်များဟာ မှိတ်ကျလို့။ သူ၏နှာခေါင်းနှင့်ပါးစပ်တွင်တော့ အောက်ဆီဂျင်ကို အဆက်မပြတ်ပေးထားသည်။
ရှင်းယံ သတိပြန်မရသေးပေ။ ထိုအရာက လင်းကိုရင်နာစေသည်။
လင်းသည် ကုတင်ခြေရင်းတွင်ရပ်လျက် ရှင်းယံကို တွေတွေလေးလေး ငေးကြည့်နေမိသည်။ အသက်အန္တရာယ်မှ လွတ်မြောက်သွားပြီဟု သိရှိပြီးသည့်တိုင် ရှင်းယံကိုယ့်ကိုယ်ကိုသတ်သေရန် ကြိုးစားသည် ဟူသောအသိက လင်းကိုမွန်းကြပ်စေတုန်းပင်။
သူ ဘာလို့များ ရှင်းယံ၏ရင်တွင်းမှ ဒဏ်ရာများကို စောစောမမြင်ခဲ့သလဲဟု ကိုယ့်ကိုယ်ကိုအပြစ်တင်နေမိ၏။
အမြဲတစေအပြုံးပါးပါးလေးကို ဆင်ယင်ထားတတ်သည့် ရှင်းယံဟာ အက်ကွဲရာများကို မျက်နှာဖုံးဆင်ထားမှန်း သူသိခဲ့ဖို့ကောင်းသည်။ယခုမှတော့ ဘာမှမလုပ်နိုင်တော့။ လုပ်နိုင်သည့်အရာဟူ၍လည်း မရှိတော့။ ရှင်းယံ သတိပြန်ရမည့်အချိန်ကိုသာ စောင့်ဆိုင်းနိုင်တော့သည်။
ရှင်းယံသတိပြန်ရလာလျှင် သူရှင်းယံ၏အနားတွင်သာနေမည်၊ ရှင်းယံ၏စကားလုံးတိုင်းကို သေသေချာချာနားထောင်ပြီး ရှင်းယံ၏စိတ်တွင်းကို ပိုပြီးနက်နက်နဲနဲမြင်ရအောင် ကြည့်ရှုမည်။ သူ ထိုမျှသာဆုံးဖြတ်ချက်ချမိသည်။
ရှင်းယံကို စိတ်ချရပြီဖြစ်သဖြင့် ထိုညနေ၌ လင်းနှင့်နိုးနိုးတို့ အိမ်ပြန်လာခဲ့သည်။ သူတို့နှစ်ဦးကို နက္ခတ်နှင့် ကျူးရင့်က အိမ်ပြန်လိုက်ပို့သည်။
နက္ခတ်နှင့်ကျူးရင့်သည်လည်း ရှင်းယံ၏အချစ်ဆုံးသူငယ်ချင်းများဖြစ်သည်နှင့်အညီ မျက်နှာမကောင်းလှပေ။
အထူးသဖြင့်နက္ခတ်၏မျက်ဝန်းထောင့်များ နီမြန်းနေသည်ကို တွေ့ရသည်။ အမြဲတစေ ပျော်ပျော်နေကာ တက်ကြွနေသူနက္ခတ်က ယခုလိုမှိုင်တွေနေသောပုံစံနှင့် မလိုက်ဖက်လှချေ။ ရှင်းယံအပေါ် နက္ခတ်၏သံယောဇဉ်ကလည်း အတော်လေးကြီးကြောင်း လင်းပိုမိုသတိပြုမိလာသည်။
YOU ARE READING
Loving Out Loud