Ep - 57

6.1K 587 32
                                    

Unicode

လောကမှာ ကြည်နူးဖို့အကောင်းဆုံးခံစားချက်က ဘာလဲဆိုတာ ခင်ဗျားတို့သိကြလား.....

ကြည်နူးဖို့အကောင်းဆုံးခံစားချက်က အခုလိုမျိုး.....
ကိုယ် သုံးနှစ်သုံးမိုးလောက် တိတ်တဆိတ်ချစ်ခဲ့ရတဲ့Crushက ကိုယ့်ရဲ့ဘေးနားမှာ ကိုယ့်ရဲ့ချစ်သူဖြစ်လာတဲ့
အခါမျိုးပေါ့။ ခံစားချက်က ဘာနဲ့မှလဲလို့မရအောင် ကြည်နူးဖို့ကောင်းလွန်းတယ်။

Crush....?
နေပါဦး...အခုဆိုရင် boyfriend လို့ခေါ်လို့ရပြီမဟုတ်လား....

" ကိုကို..."

" ဗျာ..."

လင်းကိုလှည့်မကြည့်ဘဲ အရှေ့တည့်တည့်ကိုတူရူ ရှုရင်း ပြန်ဖြေလိုက်သော ကြည်လင်နူးညံ့သည့်အသံကြောင့်
လင်း၏မျက်လုံးများကွေးညွတ် ပြုံးသွားသည်။

ရှင်းယံ၏ဖြူဖွေးသွယ်လျသောလက်သည် ကားစတီယာရင်ကို
ကိုင်သည်ဆိုရုံလေး ထိထား၏။ ကားမောင်းနေရသောကြောင့် ဘေးရှိလင်းကိုလှည့်မကြည့်သော်လည်း ရှင်းယံသည်
လင်းဘက်မှဆက်ပြောမည့်စကားတို့ကိုတော့ နားစွင့်နေသည်။

ရှင်းယံကို ကျောင်းအင်္ကျီမဟုတ်ဘဲ တခြားသောမြန်မာဝတ်စုံနှင့် တွေ့ရသည်မှာ ပထမဆုံးဖြစ်၏။ ရှင်းယံသည်
လည်စေ့လက်ရှည် အင်္ကျီအဖြူကိုရှင်းသန့်သေသပ်စွာဝတ်ဆင်ထားသည်။ ရခိုင်အဆင်ဖြစ်သောပုဆိုးအနီမှာ ရှင်းယံနှင့်
လိုက်ဖက်ညီနေသည်။ မျက်မှန်ပါ ထပ်ဆင့်တပ်ထားသောကြောင့် ရှင်းယံသည် ဟိတ်ဟန်ကြီးသောလူကြီးတစ်ယောက်ပုံ
ပေါက်နေသည်ဟု ထင်မိသည်။ ရှင်းယံသည် hoodie ထက် မြန်မာဝတ်စုံနှင့်ပို၍လိုက်ဖက်ကြောင်း မသိခဲ့။

စတီယာရင်ကိုကိုင်ထားသော ရှင်းယံ၏လက်မှာ သွေးကြောစိမ်းအချို့ကိုတွေ့မြင်ရသည်။ လင်းအနေနှင့် ရှင်းယံခန္ဓာကိုယ်ပေါ်တွင် အကြိုက်ဆုံးအစိတ်အပိုင်းကိုပြောပါဆိုလျှင်
ပထမဆုံးမှာ မျက်လုံးဖြစ်မည်။ ဒုတိယမှာ ရှင်းယံ၏အပြုံးဖြစ်ပြီး တတိယမှာ သွယ်လျလှပသော လက်ချောင်းများပင်
ဖြစ်လိမ့်မည်။ ရှင်းယံ၏ခန့်ညားသော ဘေးတစောင်းပုံရိပ်ကို
နှစ်နှစ်ခြိုက်ခြိုက်ငေးကြည့်ရင်း ကြည်နူးသောခံစားချက်ကို
ခံစားမိလိုက်သည်။

Loving Out LoudWhere stories live. Discover now