Ep - 26

6.5K 745 165
                                        

Unicode

" နင်ပြောတာ ကြားရတာ...တကယ်ရယ်ချင်တယ်...စိုင်းရှင်းယံနဲ့ နက္ခတ်ညီက နင့်အိမ်ထိတောင် ရောက်လာပြီးလိုက်ပြိုင်နေတာပဲ...နက္ခတ်ညီကတော့ထားပါတော့...စိုင်းရှင်းယံဘက်က ဒီလိုဖြစ်နေတယ်ဆိုကတည်းက နင့်အပေါ်အနည်းနဲ့အများတော့ သဝန်တိုနေလို့ပေါ့..."

နိုးနိုး အားတက်သရောပြောရင်း လင်းကိုတံတောင်ဆစ်ဖြင့် တွတ်လိုက်သည်။ လင်းထံမှ ဟင်းခနဲသက်ပြင်းချသံထွက်ပေါ်လာသည်။

" ဟဲ့...အဲ့တာကောင်းတဲ့ကိစ္စပဲကို...နင့်ရုပ်ကဘာလို့ မှိုင်ပြီး သက်ပြင်းချနေတာလဲ..."

"ငါပြောပြမယ်ကွာ...ဒီတိုင်းကြည့်လိုက်ရင်တော့ ဟုတ်တာပေါ့...ရှင်းယံနဲ့နက္ခတ်က ငါ့ကိုဝိုင်းလုတယ်ပေါ့...ဒါပေမဲ့ သူတို့အဲ့လိုလုပ်တဲ့အချိန်တိုင်း ငါ့ကိုလုတယ်ဆိုတာထက် သူတို့နှစ်ယောက်တည်းပြိုင်နေကြသလို ခံစားရတယ်..."

" ဘာကိုပြောချင်တာလဲ"

" ဒီလိုကွာ...သူတို့က ကိစ္စတစ်ခုခုနဲ့ငါ့ကိုဝိုင်းလုတယ်...ငါ့ကြောင့်နဲ့ဖြစ်တယ်ပြောပေမဲ့ ငါ့ကိုမေ့ပြီးတော့ သူတို့နှစ်ယောက်တည်း ဆက်ငြင်းခုံနေကြတယ်...ငါက ဘေးရောက်သွားပြီးတော့ သူတို့ရဲ့နှစ်ယောက်တည်း တစ်ကမ္ဘာကိုရောက်သွားသလိုပဲ...ပြောရရင် သူတို့အချင်းချင်းရန်ဖြစ်ကျီစယ်ဖို့ ငါက proxy war ကြီးကျနေတာပဲ..."

"သူတို့အချင်းချင်းရန်ဖြစ်ဖို့ နင့်ကိုအကြောင်းပြချက်လုပ်လိုက်တာမျိုးလား"

" အေး..."

" ဘာလို့အဲ့လိုထင်တာလဲ..."

" မသိဘူး...အဲ့လိုပဲ ခံစားရလို့...သူတို့ကိုကြည့်ရတာ ကြောင်နဲ့ကြွက်ဆက်ဆံရေးလိုပဲ..."

"အဲ့လိုလား..."

နိုးနိုး မေးစေ့ကိုပွတ်ရင်း စဉ်းစားနေသည်။

" နင်ရော အဲ့ကိစ္စကို ဘယ်လိုမြင်လဲ..နိုးနိုး"

" ပြောရတော့ ခက်တယ်...ဒါပေမဲ့ ဖြစ်နိုင်ချေလေးခုကို ငါစဉ်းစားမိတယ်..."

နိုးနိုးအနားသို့ လင်းတိုးကပ်လာသည်။ သူ​၏မျက်ဝန်းများ သိချင်စိတ်ဖြင့် တဖျပ်ဖျပ်လက်နေသည်။

Loving Out LoudWhere stories live. Discover now