Intro

23.5K 952 16
                                    

➡️Unicode

သဲထိတ်ရင်ဖို၀တ္ထု​တွေကို​ရေးတဲ့စာ​ရေးဆရာ​တွေက အပြစ်​ပေးခံရသင့်တယ်

လော​လောဆယ်​တော့ ရှီရှန်းခမျာလူအရပ်တစ်၀က်​လောက်ရှိတဲ့ စာအုပ်ပုံစံCrystal screen​ရှေ့မှာငုတ်တုပ်ထိုင်ပြီး​ခေါင်းကိုက်​နေရတယ်

Male leadက Second Male Lead​ကြောင့်gayသွားပြီး Second male leadကကျ female leadနဲ့​ပျော်​ပျော်ရွှင်ရွှင်​နေထိုင်သွားတယ်

အဲ့ဒီအ​ကြောင်း​ကြောင့်Male leadအတွက် female leadနဲ့နီးစပ်ဖို့အ​ကြောင်းအရင်းဆိုတာရှိမလာနိုင်​တော့ဘူး

ဒီလိုဇာတ်သိမ်းကြောင့် "သူမဘယ်လိုတောင်ဒီလိုမျိုးကြီးဇာတ်သိမ်းလိုက်နိုင်ရတာလဲ"ဆိုတဲ့ခေါင်းစဥ်အောက်မှာ သူမနဲ့သူမရဲ့ စာဖတ်ပရိသတ်​တွေနဲ့အငြင်းပွား​နေရတာမှ ခုန​လေးတင်ကဆိုတာကိုရှင်းရှင်းလင်းလင်းကြီးမှတ်မိ​နေ​သေးတယ်

ဒါ​ပေမယ့်သူမက ဘာလို့များဒီလို spaceကြီးထဲကို​ရောက်လာရတာလဲ

"ငါပြန်သွားချင်တယ်"

[ ပြန်လည်အသက်သွင်းမည့်အစီအစဥ်စတင်​နေပါပြီ

သင့်မှာဆုံးဖြတ်ဖို့အချိန်၅စက္ကန့်ရှိပါတယ်

တကယ်လို့ဒီအချိန်အတွင်းမှာဆုံးဖြတ်လို့မပြီးရင် သင်ဟာအပြစ်​ပေးခံရပါလိမ့်မယ် ]

စက်ရုပ်တစ်ရုပ်က​​ပြောလိုက်သလိုမျိုး ခံစားချက်မရှိတဲ့အသံတစ်ခု​ကိုရှီရှန်းကြားလိုက်ရတယ်

ရှီရှန်း,"..."

~ထင်ထားတဲ့အတိုင်း systemတစ်ခုပါလား

အပြစ်​ပေးမယ် ဟုတ်လား! ငါ့ကို​လေ ဘာ​ကြောင့်​လဲ ငါ​လေးကဘာလို့အပြစ်​ပေးခံရမှာလဲ~

ဒီအချိန်မှာပဲCrystal screen​ပေါ်မှာ နံပါတ်​တွေကိုစတင်​ရေတွက်​တော့တယ်

[5....4...3...]

"Ok, okay!"

အသက်ရှင်ရဖို့အတွက်ဆိုရင် သူမရဲ့သိက္ခာ​တွေကိုလဲ လက်​လျှော့လိုက်ရ​တော့မှာ​ပေါ့

ရှီရှန်း  ရှီရှန်း Book 1  Arc 1 To Arc 4Where stories live. Discover now