Arc 3.27

2.9K 337 1
                                    

Unicode

တစ်ညလုံးနီးပါးလူးလှိမ့်နေခဲ့ကြတာကြောင့်မနက်ခင်းမှာရှီရှန်းကအိပ်ရာကနေမထနိုင်ဖြစ်သွားတယ်
ဖုန်းစီကအဲဒီလောက်ထိသက်လုံကောင်းလိမ့်မယ်လို့ရှီရှန်းကမထင်ထားဘူး
'တစ်ညလုံးနီးပါးလုပ်နေခဲ့ကြတော့ ငါ့အောက်ပိုင်းတစ်ခုလုံးထုံထိုင်းနေတာပဲ'

ရှီရှန်း ကအိပ်ရာကနေမထတော့ဖုန်းစီကလည်းအိပ်ရာကနေမထွက်ရဲဘူး
ပြီးတော့အကယ်၍သူသာအရင်ထွက်သွားမယ်ဆိုရင်အိပ်ရာကချက်ချင်းအေးစက်သွားမှာ

"ရှောင်ရှူ....ကိုယ်မင်းကိုလက်ထပ်ပါ့မယ်" ဖုန်းစီကရှီရှန်းရဲ့လက်ကိုကိုင်ပြီးတော့အတည်ပေါက်ပြောလိုက်တယ်
"အမ်"
ရှီရှန်း ကအားနည်းစွာတုန့်ပြန်လိုက်တယ်
"လက်ထပ်မယ်...."

ဖုန်းစီကခေါင်းညိတ်လိုက်တယ်
ပြီးတော့ရှီရှန်းသဘောမပေါက်သေးဘူးဆိုတာကိုသိလို့ထပ်ပြောတယ်
"ကိုယ်မင်းကိုလက်ထပ်မယ်"

ရှီရှန်းကတစ်ခုခုကိုပြောချင်နေပေမဲ့အဆုံးမှာဘာမှပြောမထွက်ခဲ့ဘူး
သူမတစ်ကယ်ပဲဖုန်းစီကိုကြိုက်လို့လား

ရှီရှန်းက သူမဖုန်းစီကိုသူမနှလုံးသားထဲမှာထည့်လို့မရဘူးဆိုတာကိုသဘောပေါက်တယ်ပြီးတော့နောက်တစ်ချက်ကဒီကမ္ဘာက အတုအယောင်မှန်းလည်းသူမသိတယ်
အဲဒါကြောင့်ဒီလောကမှာသူမခံစားချက်တွေကိုရှေ့ကိုတိုးဖို့ဆိုတာမဖြစ်နိုင်ဘူးအဲဒါကြောင့်လည်းသူမနှလုံးသားရဲ့အရေးကြီးဆုံးနေရာမှာသူ့ကိုမထားရဲဘူးသူမဘဝအတွက်ဒါကိုခွင့်မပြုနိုင်ဘူး

ပထမကမ္ဘာနှစ်ခုမှာလည်းချူးထန်ရယ်
လုချင်းယွင်ရယ်နဲ့သူမဘဝတစ်ခုလုံးဖြတ်သန်းခဲ့ရပေမယ့်သူမမှာသူငယ်ချင်းထက်ပိုပြီးနည်းနည်းရင်းနှီးတဲ့ခံစားချက်လောက်ပဲရှိတယ်
အခြားromanceဆန်တဲ့ခံစားချက်မရှိခဲ့ဘူးပြီးတော့ရှီရှန်းအတွက်ပိုအရေးကြီးတာက ချူးထန်,လုချင်းယွင်တို့လိုဇာတ်ကောင်စရိုက်တွေက အေးစက်ပြီးတော့အားနည်းချက်တစ်ခုမှတောင်မရှိဘူး

'ဒါပေမဲ့ဖုန်းစီက သူတို့နဲ့ကွာတယ်......'

ဟုတ်တယ်ဖုန်းစီကသူတို့နဲ့ခြားနားတယ် သူကငါနဲ့လည်းမတူဘူး
ရှီရှန်းကဖုန်းစီရင်ခွင်ထဲကနေတိတ်တဆိတ်ထသွားပြီးတော့အဝတ်တွေဝတ်ပြီးအိပ်ရာက​နေထွက်သွားတယ်
သူမခြေလှမ်းအနည်းငယ်လောက်လှမ်းပြီးသွားတဲ့အခါမှာနောက်ပြန်လှည့်မကြည့်ပဲပြောလိုက်တယ်"ကျွန်မအတွက်အချိန်အနည်းငယ်လိုလို့ လာမ​ရှာပါနဲ့"

ရှီရှန်း  ရှီရှန်း Book 1  Arc 1 To Arc 4Where stories live. Discover now