Arc 1.17

5.6K 644 2
                                    

Unicode


Warning :Some content may be disturbing.Expect mature sence.​

ပေါက်ကွဲမှု​ကြောင့် ​လင်း​ဟောက်ရဲ့​ခြေ​ထောက်ကအနည်းငယ်ထိခိုက်သွားခဲ့ရတယ်

သူပြန်သတိရလာတဲ့အချိန်မှာပထမဆုံး​တွေးမိတဲ့ကိစ္စက​တော့ ရွှီမိသားစုကို ကြိမ်း​သေ​ပေါက်လက်စား​ချေဖို့ပဲ

ဒါ​ပေမယ့် ရွှီမိသားစုကိုဒုက္ခ​ပေးဖို့ ပထမ​ခြေလှမ်း​တောင်မစရ​သေးခင်မှာပဲ လင်းမိသားစုပိုင်company​တွေက တရားမ၀င်​မှောင်ခိုပစ္စည်းတင်သွင်းမှု ​ငွေ​ကြေးခ၀ါချမှု​တွေနဲ့ပတ်သက်​နေတယ်ဆိုတဲ့ အဆိုပြုချက်​တွေ ​သက်​သေ​တွေအများကြီးကိုအစိုးရဘက်ကရရှိသွားခဲ့တာ​ကြောင့် ပြသနာ​တွေစတက်ခဲ့တယ်

ဒီအဖြစ်အပျက်​တွေကအရမ်းကိုမြန်ဆန်လွန်းတာ​ကြောင့် သူတို့ဘက်ကဘာမှမတုန့်ပြန်လိုက်ရဘူး သူတို့ဘက်က​နေ တုံ့ပြန်ဖို့အကြံရ​တွေလာတဲ့ အခါမှာ​တော့လင်းမိသားစုပိုင်လုပ်ငန်းစုတွေ အားလုံးဟာ အစိုးရရဲ့ပိတ်သိမ်းခြင်းကိုခံလိုက်ရပြီဖြစ်တယ်

လင်းမိသားစုရဲ့လုပ်ငန်း​တွေနဲ့ဆက်စပ်​နေတဲ့ company​တွေအားလုံးဟာလည်း သူတို့နဲ့အဆက်အသွယ်​တွေဖြတ်​တောက်လိုက်ပြီး ဆက်စပ်လုပ်ငန်း​တွေကို ရပ်ဆိုင်းလိုက်ကြတယ်

အ​ကြွေးရှင်​တွေကလည်း သူတို့ခြံတံခါး၀ထိ​ရောက်လာပြီး ဆဲဆို​ငေါက်ငန်းက ​သောင်းကြန်းကြတယ်

သူတို့နဲ့ရင်းနှီးမှုရှိခဲ့တဲ့ လူချမ်းသာ​တွေအားလုံးကလည်း အခုဆိုရင် လင်းမိသားစုကို ပလိပ်​ရောဂါသဖွယ် ​ရှောင်ရှား​နေကြပြီဖြစ်တယ်

လင်းမိသားစုအ​​ပေါ်မှာ ကြင်နာမှုအရှိဆုံး​သူ​တွေကသူတို့ကိုကို တိုးတိုးတိတ်ိတ်​ပြောပြခဲ့တယ်  တကယ်လို့သာ လင်းမိသားစုကိုအကူအညီ​ပေးခဲ့မယ်ဆိုရင် သူတို့ကိုပါဒုက္ခ​ရောက်​အောင်လုပ်မယ်လို့ တစ်စုံတစ်​ယောက်ကသတိ​ပေးထားတယ် ​

လောကကြီးမှာအပြစ်ကင်းစင်တဲ့လူဆိုတာမရှိတဲ့အတွက် လင်းမိသားစုကို သတ္တိရှိရှိကူညီ​ပေးနိုင်မယ့်သူဟာလည်း မရှိ​တော့ဘူး

ရှီရှန်း  ရှီရှန်း Book 1  Arc 1 To Arc 4Où les histoires vivent. Découvrez maintenant