Unicode
"ဖာ့ခ်ပဲ ဖာ့ခ်မှဖာ့ခ်အကြီးစား ဒီခွေးကောင်လေးက ငါ့ကိုစားဖို့ ကြံရဲတယ်။ငါ့ဓားဘယ်မှာလဲ။ ဒင်းကို တစ်စစီ ခုတ်ပစ်ဦးမယ်။"
ကုနန်းသူမဓားကို မျက်စိရှင်ရှင်နဲ့ လိုက်ကြည့်နေတုန်း သူမလက်ချောင်းကိုထိနေတဲ့ နူးညံ့ပြီးအေးစက်တဲ့အရာကြောင့် တုန်တက်သွားတော့တယ်။ သူမကိုယ်လေးကတုန်နေတာကြောင့် zombieကသူမကို ထူးဆန်းသလို စိုက်ကြည့်တော့တယ်။ သူက ကုနန်းလက်ချောင်းလေးတွေကို လျှာလေးနဲ့လျက်နေတယ်။ ဒါပေမဲ့ သူထင်ထားသလို အရသာမရှိတာကြောင့် မျက်ေမှာင်ကြုတ်လိုက်တယ်။
" ဟမ့် ဟမ့်! "
" ? ,,,, "
နားမလည်ဘူးဟ ဟဲ့ကောင် လူလိုပြောစမ်း
" ဟမ့် ဟမ့်!!! "
zombieကသူမလက်ကို ဝမ်းနည်းကြေကွဲစွာတွန်းပြီး တဆာဆာအော်နေလိုက်တော့တယ်။
"ဟ အရမ်းနူးညံ့ပြီး ချောမွေ့လှပနေတာမလား။ ငါသိတယ် နင်ချီးကျူးစရာမလိုဘူး "
" ဟမ့် ဟမ့်! "
Zombieက သူ့လက်ချောင်းတွေကိုသုံးပြီး ကုနန်းလက်ကိုတွန်းနေလိုက်တော့တယ်။
"ဟဲ့အကောင် နင်ဘာလိုချင်တာလဲ ပြောပါဆိုနေ တွန်းရုံနဲ့ သိမှမသိနိုင်တာ "
သူလိုချင်နေတာကို ဘယ်လိုပြောရမယ်မှန်းမသိတဲ့ zombieက ကုနန်းကိုပတ်နေလိုက်တော့တယ်။ ခနနေကျ ရုတ်တရက်ကြီး ပြေးထွက်သွားပါတော့တယ်။
ရှီရှန်း ; " ____ "
' အဲ့တာ ဘာထဖြစ်တာလဲ။ ငါတော့ နင်တို့တွေကိုနားမလည်နိုင်တော့ဘူး zombieတွေရဲ့ ဦးနှောက် ဘယ်လိုအလုပ်လုပ်လဲ မသိတော့ဘူး '
......................
ကုနန်း ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ဖို့ အချိန်ရတော့တယ်။ သူမကရောက်နေတဲ့နေရာက သိပ်မကြီးတဲ့ဂူထဲမှာပဲ ဖြစ်တယ်။
" အာ့ဆို ငါ့ကို ဟိုကောင်စုတ်လေးက ခေါ်လာတာပေါ့။ zombieတွေရဲ့ IQကဒီလောက်မြှင့်နေပြီပေါ့ ကြောက်စရာကြီး "
ကုနန်း သိပ်မဝေးတဲ့နေရာမှာ သူမကျောပိုးအိတ်နဲ့ဓားကိုတွေ့လိုက်တယ်။ ကြည့်ရတာ ကောင်စုတ်လေးက ဒါတွေပါသယ်လာပေးတာထင်တယ်။
YOU ARE READING
ရှီရှန်း ရှီရှန်း Book 1 Arc 1 To Arc 4
Teen FictionUnicode သည်းထိတ်ရင်ဖိုဇာတ်လမ်းတွေကိုနှစ်သက်တဲ့ စာရေးဆရာမရှီရှန်းဟာ ရေးလက်စ စာအုပ်များစွာကို ရပ်တန့်ခဲ့တယ် မြောက်များစွာသော အဓိကဇာတ်ဆောင်တွေကို ၀မ်းနည်းစရာဇာတ်သိမ်းပေးခဲ့တဲ့ မိထွေးလို စာရေးဆရာမတစ်ယောက်ဖြစ်တယ် ဒီနေ့လို သာယာတဲ့နေ့မျိုးမှာ...