Unicode
မားမားကုက ပါးပါးကုဘေးနားမှာ ရပ်နေတာဖြစ်တယ်။ ပါးပါးကုရဲ့ခေါ်သံကိုကြားတဲ့အခါ မားမားကုဟာလည်း လှည့်ကြည့်လာသည်။ ကုနန်းရဲ့ မျက်နှာကို မြင်လိုက်ရတဲ့အခါ စိုးရိမ်ပူပန်မှုတွေမပါဘဲ အံသြမှုတွေသာ ဖြစ်ပေါ်လာတယ်။
"ရီ? နင်ပါးပါးကုနဲ့မားမားကုကို သိနေတာလား"
ကလေးမျက်နှာနဲ့သူက ကုနန်းကို အံသြစွာမေးလိုက်တယ်။
'ငါကယ်လိုက်တဲ့သူက ဒီအုပ်စုထဲကသူတွေနဲ့ အသိတွေလား?? 'ကုနန်းကအေးစက်စွာ ရယ်လိုက်တယ်။
"ဒါပေါ့ ငါသေချာပေါက်သူတို့ကိုသိတာပေါ့။ ငါ့မိဘတွေပဲလေ။ ""မိဘတွေ?"
' ဒါဆို ဘာလို့နင် ဒီလောက်အေးစက်ပြီး စိတ်ပျက်နေတဲ့လေသံကြီးနဲ့ ပြောနေတာလဲ?? '"ရှောင်နန်း နင်ပြန်လာ__"
ပါးပါးကုစကားမဆုံးခင်မှာပဲ မားမားကုဖြတ်ပြောလိုက်တယ်။ သူမရဲ့မျက်နှာမှာ တစ်ခုခုကိုစိုးရိမ်နေပြီး ဒေါသထွက်နေတဲ့ပုံရိပ်လည်း ပေါ်နေတယ်။
"ကောင်မစုတ်လေး နင်ညလယ်ကြီး ပျောက်သွားတော့ ငါတို့ဘယ်လောက်လိုက်ရှာရ ခက်ခဲ့လည်းသိရဲ့လား ငါတို့ဘယ်လောက်စိတ်ပူနေမယ်ဆိုတာ မတွေးခဲ့မိဘူးလား? "
မားမားကုရဲ့မျက်နှာကချက်ချင်းပဲ မျက်ရည်တွေနဲ့ပြည့်လာပြီး ရှိုက်ကြီးတငင် ငိုတော့တယ်။
"ပြန်ဆုံပြီဆိုတော့ မားမားနဲ့ပါးပါးတို့ဘေးမှာဘဲ နေတော့ ငါတို့ကာကွယ်ပေးမယ်။ "
"တော်ပါ။ ကိုယ့်သမီးအရင်းကို စွန့်ပစ်ခဲ့ပြီး သူစိမ်းနောက် ကောက်ကောက်ပါအောင် လိုက်သွားတဲ့ မိဘမျိုးကို မလိုအပ်ပါဘူး "
'ငါ့ကိုများ နင်တို့ကဘေးနားမှာ အရုပ်အနေနဲ့ထားပြီး ကစားချင်သေးတယ်ပေါ့။ အိမ်မက်ထဲမှာပဲ ရမယ်။'
မားမားကု ထင်ထားတာက ခုချိန်မှာ တစ်ယောက်တည်းမို့ အသက်ရှင်ဖို့အတွက် သူတို့နားလာကပ်မယ်လို့လေ။ မူလဝတ္ထုအရလည်း ကုနန်းဟာတကယ်ကြီး သူတို့နောက်တကောက်ကောက် လိုက်ကပ်ခဲ့ပါတယ်။ ဒီချိန်မှာတော့ မဟုတ်ပေမဲ့လည်း မြို့တော်Cသို့ သွားရာလမ်းမှာဖြစ်တယ်။
YOU ARE READING
ရှီရှန်း ရှီရှန်း Book 1 Arc 1 To Arc 4
Teen FictionUnicode သည်းထိတ်ရင်ဖိုဇာတ်လမ်းတွေကိုနှစ်သက်တဲ့ စာရေးဆရာမရှီရှန်းဟာ ရေးလက်စ စာအုပ်များစွာကို ရပ်တန့်ခဲ့တယ် မြောက်များစွာသော အဓိကဇာတ်ဆောင်တွေကို ၀မ်းနည်းစရာဇာတ်သိမ်းပေးခဲ့တဲ့ မိထွေးလို စာရေးဆရာမတစ်ယောက်ဖြစ်တယ် ဒီနေ့လို သာယာတဲ့နေ့မျိုးမှာ...