Unicode
"သခင်လေးလု... ရှင်ကျွန်မကို ဘာလို့ စပွန်ဆာမပေးချင်ရတာလဲ "
ရှီရှန်းက လုချင်းယွင်ကို မှီထားရင်းနဲ့ညင်ညင်သာသာလေးပြောလိုက်တယ်
ဘေးနားကဖြတ်လျှောက်သွားတဲ့ ရှမန် "........"
ရှမန်က လုချင်းယွင်ရဲ့ရင်ခွင်ထဲမှာရောက်နေတဲ့ ရှီရှန်းကို ထူးဆန်းတဲ့အကြည့်နဲ့ကြည့်လိုက်တယ်
'ကျန်း၀မ်က အရမ်းထူးဆန်းတဲ့မိန်းကလေးပဲ'"အရင်ဆုံး သင်္ဘောသီးများများ စားလိုက်ပါအုံး ပြီးရင်ကိုယ်စဥ်းစားကြည့်ပေးမယ်လေ "
'သင်္ဘောသီးတဲ့လား !!!!'
ရှီရှန်းက ကိုယ့်ရင်ဘတ်ကိုယ်ပြန်ငုံ့ကြည့်ပြီးတဲ့အခါမှာတော့ မျက်နှာအမူအရာပြောင်းလဲသွားတယ်
[ TN /သင်္ဘောသီးစားရင် ကိတ်ပါတယ် အမိတို့😂😂😂 လေယာဥ်ပြေးလမ်းမများနဲ့ ခြင်ကိုက်ဖုများအတွက် ဆေးကောင်းတစ်လက်ပါ😂😂😂]
'ဒီခွေးသူတောင်းစားကောင်က ငါ့ရင်ဘတ်ကိုသေးတယ်လို့ပြောလိုက်တာလား !!!!
ငါနင့်ကို သတ်မယ် !!!!! '
လုချင်းယွင်က ရှီရှန်းကို တွန်းလိုက်ပြီးတော့ မချိုမချဥ်ပြုံးလိုက်တယ်
"ကိုယ့်နောက်ကို ဆက်မလိုက်နဲ့တော့ မဟုတ်ရင် မင်းကို အသေဆိုးနဲ့သေအောင် လုပ်မိသွားလိမ့်မယ် "
"မဖြစ်နိုင်ဘူး ရှင့်သူငယ်ချင်းစုရီရှိုးက ရှင့်ကို ကျွန်မဆီအပ်ထားခဲ့တာလေ ကျွန်မရှင့်ကို ဂရုစိုက်ပေးရလိမ့်မယ် ကျွန်မက ကတိပေးထားတဲ့ကိစ္စကို အဆုံးထိတာ၀န်ယူတတ်တဲ့လူပါနော် "
ရှီရှန်းက လုချင်းယွင်နောက်ကို ဆက်လိုက်သွားတယ်သူမသာ သူ့ကို ထွက်သွားခွင့်ပြုလိုက်ရင် သူ့ကိုဘယ်မှာထပ်ပြီးသွားရှာရတော့မှာလဲ
"မင်း ဒီလိုလုပ်မယ်ဆိုရင်တောင် သူကမင်းကိုကြိုက်မှာမဟုတ်ဖူး သူက ယောက်ျားတွေကိုပဲ ကြိုက်တာ "
'ယောက်ျားတွေကို ကြိုက်တယ်တဲ့လား!!!! စုရီရှိုးကို ဒီလိုလူလို့ မထင်ထားမိဘူး'
~နေပါအုံး...ငါလေးကလည်းသူငါ့ကိုလာမကြိုက်စေချင်ပါဘူးနော်~
ရှီရှန်းက စိတ်ရှုပ်သွားတာကြောင့် ခနလောက်သတိလွတ်သွားတယ်
သူမတစ်ခုခုပြန်ပြောဖို့လုပ်တဲ့အခါမှာတော့ လုချင်းယွင်က သူမရဲ့လက်ကိုဖြုတ်ချပြီး လူတွေစုနေတဲ့နားကိုလျှောက်သွားပြီဖြစ်တယ်
ရှီရှန်းရဲ့မျက်နှာကလည်းမှောင်မိုက်သွားပြီးတော့ လုချင်းယွင်ရဲ့အနောက်ကိုလိုက်သွားတယ်
"လုချင်းယွင် နည်းနည်းလောက်ပြန်စဥ်းစားကြည့်ပါလား ကြည့်စမ်းပါ ကျွန်မက ဘယ်လောက်အသုံး၀င်လဲ ကျွန်မက စတော့ရှယ်ယာဈေးကွက်ကိုလည်း နားလည်တယ် စီးပွားရေးခည်းလုပ်နိုင်တယ် ပိုက်ဆံလည်းရှာနိုင်တယ် ရှင့်ရန်သူတွေကိုလည်း ကူပြီးတော့ ဒုက္ခပေးနိုင်တယ် ရှင်သာကျွန်မကို စပွန်ဆာပေးမယ်ဆိုရင် ရှင့်ကို ဘ၀ရဲ့အောင်မြင်သူစစ်စစ်ဖြစ်အောင် ကူညီပေးပါ့မယ် ရှင်ကကံကောင်းလွန်းတယ်ဆိုရင်တောင်မှ ကျွန်မလောက်ကောင်းတဲ့လူကိုရှင်ဘယ်မှာမှရှာလို့မတွေ့နိုင်တော့ဘူး ဒီအခွင့်အရေးကိုသာ မဖမ်းဆုပ်နိုင်ရင် နောက်ထပ်အခွင့်အရေးတွေ ထပ်ရနိုင်မှာမဟုတ်တော့ဘူးနော် "
System "....."
[ 'ငါ့ရဲ့ hostကသာ မိမိကိုယ်ကိုကြွား၀ါတတ်တဲ့သူမဟုတ်ဖူးဆိုရင် ငါအခါတစ်ရာလောက် bugအ၀င်ခံလိုက်မယ်']သခင်လေးလုက ရှီရှန်းရဲ့တစ်ဖက်သတ်အမွှန်းတင်မှုတွေကို လုံး၀လျစ်လျူရှုထားလိုက်တယ်သူက ရှီရှန်းကို တွန်းမထုတ်တော့ဘူးဆိုပေမယ့်လည်း သူ့ရဲ့အကြည့်တွေကတော့ တစ်ခုခုကိုကြိတ်ပြီးစီစဥ်နေသလိုမျိုး တလက်လက်တောက်ပနေတယ်
ရှီရှန်းက တော်တော်လေးကို စိတ်မရှည်တတ်တဲ့လူစားမျိုးဆိုပေမယ့် *ရွှေအချောင်းတစ်ထောင်ကိုလက်ခံပါ*ဆိုတဲ့ တာ၀န်ကြီးကြောင့် သူမရဲ့စိတ်ကိုဆွဲဆန့်ထားရတယ်
လုချင်းယွင်ကသူမအတွက်ကိုယ့်အသိစိတ်ဓါတ်နဲ့ကိုယ် ပိုက်ဆံသုံးအောင်တိုက်တွန်းရတဲ့ကိစ္စက သူမပိုက်ဆံကို သူ့ကိုပေးပြီးသူမအတွက် ပြန်သုံးခိုင်းရတာထက်တောင်ပိုခက်သေးတယ်
ကော်ရစ်ဒါ ဆီကိုလျှောက်သွားတဲ့လုချင်းယွင်ရဲ့အနောက်ကို ရှီရှန်းက ကပ်လိုက်သွားတယ်
VOUS LISEZ
ရှီရှန်း ရှီရှန်း Book 1 Arc 1 To Arc 4
Roman pour AdolescentsUnicode သည်းထိတ်ရင်ဖိုဇာတ်လမ်းတွေကိုနှစ်သက်တဲ့ စာရေးဆရာမရှီရှန်းဟာ ရေးလက်စ စာအုပ်များစွာကို ရပ်တန့်ခဲ့တယ် မြောက်များစွာသော အဓိကဇာတ်ဆောင်တွေကို ၀မ်းနည်းစရာဇာတ်သိမ်းပေးခဲ့တဲ့ မိထွေးလို စာရေးဆရာမတစ်ယောက်ဖြစ်တယ် ဒီနေ့လို သာယာတဲ့နေ့မျိုးမှာ...