Unicode
"စကားပြောနေတာရပ်ပြီးသူမကိုမြန်မြန်တက်ပြီးဖမ်းကြစမ်းပါ!!"
အမိန့်ပေးလိုက်တာကြောင့်သူတို့က သူတို့လုပ်ရမယ့်အရာဆီပြန်ပြီးအာရုံစိုက်သွားကြတယ်"ငါသူတို့ကိုဖမ်းမထားဘူး..ဒါပေမဲ့ဘယ်သူလုပ်တာလဲဆိုတာကိုမင်းတို့သိချင်ရင်တော့ငါပြောပြပေးနိုင်တယ်...သိကြရဲ့လား"
ရှီရှန်းကပြုံးပြုံးကြီးနဲ့ပြန်ပြောတယ်"မင်းမဟုတ်ဘူးဆိုတာဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"
"ဒါမျိုးတွေလုပ်တာ မင်းကလွဲပြီးဘယ်သူရှိသေးလို့လဲ"
သူတို့တွေဒီလိုပြောနေပေမဲ့မျက်နှာမှာတော့သံသယတွေနဲ့ပြည့်နေတယ်
ပြီးတော့အရာအားလုံးကိုအသေးစိတ်သိကြတာလည်းမဟုတ်ကြဘူးလေ
အဲဒါကြောင့်လုံ့ကျွယ်နဲ့ထုန်းတောင်ဂိုဏ်းချုပ်ပြောတာကိုနားထောင်ရုံကလွဲပီးမတတ်နိုင်ကြဘူးယဲ့ချင်ချိုးကတော့ကြောက်လန့်သွားပြီးသူမကိုစိုက်ကြည့်နေတဲ့ရှီရှန်းကိုပြန်မော့ကြည့်လိုက်တယ်
သူမကိုလှောင်ရယ်တဲ့အပြုံးပြုံးပြနေတဲ့ ရှီရှန်း ရဲ့မျက်လုံးတွေကရေသေလိုမျိုးတည်ငြိမ်နေတယ်'ဒီမိန်းမသေကိုသေရမယ်!!'
"ရှန်းရှူ နင်ကများငါတို့ကိုသွေးထိုးဖို့ကြံစည်နေတာလား"
ယဲ့ချင်ချိုးကစကားစပြောလိုက်တယ်
"အားလုံးပဲ..,သူကအချိန်ဆွဲနေတာ.အဲ့အတွက်အခွင့်ရေးမပေးလိုက်နဲ့"သူမသတိပေးလိုက်တာကြောင့်လူတိုင်းကအသိတရားပြန်ဝင်လာတယ်ပြီးတော့အမှန်တရားကဘာပဲဖြစ်ဖြစ်သူမကအပြစ်တွေအများကြီးကိုကျူးလွန်ထားတာမို့လိုသူမကို ရှင်းထုတ်နိုင်ရင်လည်းအကျိုးအများကြီးရတယ်
ဒါပေမဲ့ဖုန်းစီပြန်ရောက်လာရင်သူတို့ဘာမှဆက်လုပ်ရဲမှာမဟုတ်ဘူး"ငါသူမကို မျှားခေါ်မယ်.မင်းတို့တွေအကုန်စက်ကွင်းပုံစံဖော်ကြ"
လုံ့ကျွယ်ကအပေါ်ကိုခုန်တက်သွားပြီးရှီရှန်းကိုစတင်တိုက်ခိုက်တော့တယ်
လုံ့ကျွယ်ရဲ့ကျင့်ကြံဆင့်တွေကရှီရှန်းထက်မြင့်တဲ့အတွက်ကြောင့်ရှီရှန်းက အဆင့်မြင့်မှော်ပစ္စည်းတွေကိုအသုံးပြုလည်းသူမကိုယ်သူမအန္တရာယ်ကနေပဲကာကွယ်နိုင်ပြီးလုံ့ကျွယ်ကိုဒဏ်ရာရအောင်ချဥ်းကပ်ဖို့မဖြစ်နိုင်ဘူး
YOU ARE READING
ရှီရှန်း ရှီရှန်း Book 1 Arc 1 To Arc 4
Teen FictionUnicode သည်းထိတ်ရင်ဖိုဇာတ်လမ်းတွေကိုနှစ်သက်တဲ့ စာရေးဆရာမရှီရှန်းဟာ ရေးလက်စ စာအုပ်များစွာကို ရပ်တန့်ခဲ့တယ် မြောက်များစွာသော အဓိကဇာတ်ဆောင်တွေကို ၀မ်းနည်းစရာဇာတ်သိမ်းပေးခဲ့တဲ့ မိထွေးလို စာရေးဆရာမတစ်ယောက်ဖြစ်တယ် ဒီနေ့လို သာယာတဲ့နေ့မျိုးမှာ...