Unicode
ရှီရှန်းရဲ့ complainတက်မှုကမအောင်မြင်တဲ့အတွက် လူသစ်လေး၄ယောက်ကိုပါ ရှိုးကိုခေါ်လာခဲ့ရတယ်
ရှီရှန်းခေါ်လာတဲ့အဖွဲ့မှာလူ၄ယောက်ပါပြီးတော့ မိန်းကလေး၂ယောက် ယောက်ျားလေး၂ယောက်ပါ၀င်တယ်
ဒီလို အဖွဲ့ဖွဲ့စည်းပုံက အောင်မြင်ဖို့အခွင့်အရေးသိပ်မရှိတာမို့လို့ အခုခေတ်မှာမြင်ရခဲတယ်
ဒါပေမယ့် ရှီရှန်းတို့companyကတော့ ဒီအဖွဲ့ကိုသေချာဆုံးဖြတ်ပြီးမှဖွဲ့စည်းပေးထားတာဖြစ်ပြီး ၄ယောက်လုံးက ရုပ်ရည်ချောမောကြတယ်
အချိန်အတော်ကြာအောင် အတူတကွလေ့ကျင့်ပြီးတဲ့နောက်မှာတော့ သူတို့၄ယောက်က အချင်းချင်းနားလည်လာကြပြီး ကူညီရိုင်းပင်းစိတ်လည်းရှိကြတာကြောင့် companyက ဒီအဖွဲ့ကို ပွဲထုတ်ပေးလိုက်ခဲ့တယ်ရှိုးရဲ့ဒါရိုက်တာက ရှီရှန်းကို အပြေးအလွှားလာနှုတ်ဆက်ပြီး သူမနဲ့ပါလာတဲ့ လူသစ်လေး၄ယောက်ကိုမြင်တဲ့အခါမှာတော့သူ့မျက်လုံးတွေ အရောင်လက်သွားတယ်
"ရှောင်၀မ်....မင်းရောက်ပြီလား...အိုးဟိုးဟိုး လက်စသတ်တော့ရှောင်၀မ်က လူသစ်လေးတွေခေါ်လာတာကိုး...."
~ဒီကလေးတွေက တော်ရုံတန်ရုံလှတာမဟုတ်ဖူးဟ!!!!!~
"အင်း...သူတို့တွေအတွေ့အကြုံယူရအောင်လို့ခေါ်လာပေးတာ"
ရှီရှန်းက နှစ်ဖက်လူတွေကိုမိတ်ဆက်ပေးလိုက်တယ်
"သူက ဒီအစီအစဥ်ရဲ့ ဒါရိုက်တာလင်းပဲ
ဒါရိုက်တာလင်း..... သူတို့က ကျွန်မတို့companyက လူသစ်လေးတွေ
ဟန်လင်း ,ဖန်ကျင်းယွီ,ယန်းကျဲ့ နဲ့ ကျန်းမင် တို့ပါ "
"မင်္ဂလာပါ ဒါရိုက်တာလင်း"အသစ်လေးတွေက ချစ်စရာကောင်းစွာနှုတ်ဆက်လိုက်ကြတယ်
"ကောင်းတယ် ..., သိပ်ကောင်းတယ်"
ဒါရိုက်တာလင်းက ရယ်မောပြီး ခေါင်းငြိမ့်လိုက်တယ်
သူက ချောမောတဲ့ သရုပ်ဆောင်အသစ်လေးတွေရှာတဲ့နေရာမှာ အဆင်မပြေလို့ စိုးရိမ်နေခဲ့ရတာ အခုတော့ သူ့ဆီကို ဆိုက်ဆိုက်မြိုက်မြိုက်ကိုရောက်လာကြပါလား
~ကျန့်၀မ်က တကယ့်ကို ငါ့ရဲ့လာဘ်ကောင်လေးပဲ ငါဒုက္ခရောက်နေတိုင်းသူမက ကောင်းကျိုးတွေသယ်လာပေးတယ်~
YOU ARE READING
ရှီရှန်း ရှီရှန်း Book 1 Arc 1 To Arc 4
Teen FictionUnicode သည်းထိတ်ရင်ဖိုဇာတ်လမ်းတွေကိုနှစ်သက်တဲ့ စာရေးဆရာမရှီရှန်းဟာ ရေးလက်စ စာအုပ်များစွာကို ရပ်တန့်ခဲ့တယ် မြောက်များစွာသော အဓိကဇာတ်ဆောင်တွေကို ၀မ်းနည်းစရာဇာတ်သိမ်းပေးခဲ့တဲ့ မိထွေးလို စာရေးဆရာမတစ်ယောက်ဖြစ်တယ် ဒီနေ့လို သာယာတဲ့နေ့မျိုးမှာ...