Unicode
အဓိကဇာတ်လိုက်ရဲ့ စမ်းသပ်မှု ဆိုတဲ့အတိုင်းပဲ ယဲ့ချင်ချိုးရဲ့ ဒီစမ်းသပ်ချက်ကအရမ်းကိုပြင်းထန်ပြီးကြီးကျယ်ခမ်းနားတယ်
အနီးအနားနယ်မြေမှာ တိုက်ပွဲအသေးစားဖြစ်နေတဲ့ သူတွေတောင် ခေတ္တငြိမ်းချမ်းရေးယူပြီး ဘယ်သူ့ရဲ့စမ်းသပ်ချက်လဲဆိုတာ လာကြည့်ကြတယ်
သစ်ပင်တစ်ပင်ရဲ့ထိပ်ဖျားမှာ ရပ်နေတဲ့အဖြူအမဲအရိပ်ကိုသာတွေ့မြင်ရပေမယ့် စမ်းသပ်မှုကိုဖြတ်ကျော်နေတဲ့ ကျင့်ကြံသူကိုတော့ သဲသဲကွဲကွဲမမြင်ရဘူး
လက်မောင်းလောက် ရှိမယ့် ခရမ်းရောင်မိုးကြိုးလျှပ်စီး တစ်တန်းက အရိပ်အယောင်မရှိဘဲ မြေပြင်ပေါ်ကိုပစ်ချလိုက်တယ်မိုးကြိုးက မကောင်းဆိုး၀ါးမျိုးနွယ်စု၀င်တွေရဲ့ တစ်လှမ်းအကွာလောက်ကို ပစ်ချသွားတယ်
လာတဲ့သူက မကောင်းဆိုး၀ါးသခင် အရှင်၀ူချီ ကိုယ်တိုင်ပဲဖြစ်တယ်
ထင်ထင်ရှားရှား ဖြစ်နေတဲ့ အဖြူအမဲအရိပ်နှစ်ခုကိုမြင်တဲ့အခါမှာ ၀ူချီရဲ့မျက်လုံးတွေက လက်ခနဲဖြစ်သွားပြီး
သူက ရှီရှန်းရဲ့ဘေးက သစ်ပင်ဆီကိုပျံသွားတယ်
ရှီရှန်းက သူ့ကို တစ်ချက်ပဲကြည့်လိုက်ပြီး စမ်းသပ်မှု နေရာကိုပဲပြန်ကြည့်နေလိုက်တယ်
ဖုန်းစီကတော့ အရှင်၀ူချီကို မီးမြှိုက်ပစ်ချင်တဲ့ပုံနဲ့ကြည့်နေပြီး ရှီရှန်းရဲ့အလစ်မှာအမှန်တကယ်ပဲသူ့ကိုတစ်ခုခုလုပ်ပစ်လိုက်ဖို့ကြံစည်နေတယ်
"မိန်းကလေးရှန်း....ခင်ဗျား ကျွန်တော့်ရဲ့ မကောင်းဆိုး၀ါးလောကနဲ့ပူးပေါင်းချင်စိတ်ရှိပါသလား ခင်ဗျာ "
ရှီရှန်းက ၀ူချီကို လှည့်ကြည့်ပြီး အေးအေးဆေးဆေးမေးလိုက်တယ်"မကောင်းဆိုး၀ါးအရှင်က ကျွန်မကိုဘာကြောင့်များ မျက်စိကျနေရပါသလဲရှင်"
ရှီရှန်းက မကောင်းဆိုး၀ါးလောကရဲ့စည်းတံဆိပ်ကို ဖျက်ဆီးပေးလိုက်တဲ့အတွက် အပြန်အလှန်အနေနဲ့ အရှင်၀ူချီက အနာဂတ်မှာ ယဲ့ချင်ချိုးကို လုံး၀မကူညီရဘူး
ဒီကတိအပြင်ရှီရှန်းနဲ့ ၀ူချီ ရဲ့ကြားမှာ တခြားဘာအကြွေးမှ မကျန်တော့ဘူး
၀ူချီက ဒီအပေးအယူကို မတည်ရင်တောင် ရှီရှန်းအတွက် ဘာဆိုးကျိုးမှရှိမှာမဟုတ်သလို တခြားသူတွေနဲ့ ပူးပေါင်းလို့ရသေးတယ်
YOU ARE READING
ရှီရှန်း ရှီရှန်း Book 1 Arc 1 To Arc 4
Teen FictionUnicode သည်းထိတ်ရင်ဖိုဇာတ်လမ်းတွေကိုနှစ်သက်တဲ့ စာရေးဆရာမရှီရှန်းဟာ ရေးလက်စ စာအုပ်များစွာကို ရပ်တန့်ခဲ့တယ် မြောက်များစွာသော အဓိကဇာတ်ဆောင်တွေကို ၀မ်းနည်းစရာဇာတ်သိမ်းပေးခဲ့တဲ့ မိထွေးလို စာရေးဆရာမတစ်ယောက်ဖြစ်တယ် ဒီနေ့လို သာယာတဲ့နေ့မျိုးမှာ...