Arc 4.11

2.7K 361 2
                                    

Unicode

Arc. 4.11

ကုနန်းကယ်တင်ခဲ့သောကောင်လေးသုံးယောက်ကUniတစ်ခုတည်းက ကျောင်းသားများဖြစ်ကြတယ်။ သူတို့ကBမြို့ကအန္တရာယ်ကင်းဇုန်ကို သွားဖို့ကြံစည်ထားခဲ့ကြ​ပေမယ့်မထင်မှတ်ထားဘဲ လမ်းမှာzombieတစ်အုပ်နဲ့ တွေ့သွားခဲ့ပြီးလှည့်ရှောင်ဖို့လုပ်ထားပေမဲ့လည်း နောက်ထပ်zombieတွေပါ ရောက်လာကြတာကြောင့် သူတို့ပြေးပေါက်မရှိဖြစ်ခဲ့ကြတယ်။ ပါလာတဲ့သူတွေထဲက တစ်ဝက်​လောက်ကလည်း အကိုက်ခံလိုက်ရတာကြောင့်  လွတ်မြောက်ဖို့ လမ်းစမမြင်​အောင်ဖြစ်သွားခဲ့တယ်။

သုံးယောက်ထဲက ဦးဆောင်သူက ချင်းယု။ သူကလူချောလေးတစ်ယောက်ပဲ။ အရပ်ရှည်ရှည်နဲ့ ပိန်သွယ်သွယ်နဲ့တစ်ယောက်က ""အရူးကောင်"" လို့ပဲခေါ်ကြတဲ့ လင်းဖုန်း။ နောက်ဆုံးတစ်ယောက်ကတော့ ဝတုတ်တုတ်လေး။ ဒါကြောင့် သူ့သူငယ်ချင်းတွေက သူ့ကို""ဖက်တီးလေး""လို့ပဲခေါ်ကြတယ်။

"ရှေ့မှာ ခေါင်းပါတဲ့ zombieတွေ ရှိသေးတယ်မလား? "(ခေါင်းပါ=အသက်ရှင်)

ကုနန်းက ကျန်တာတွေကို လျစ်လျုရှုပြီး သူမ သိချင်တာကိုမေးလိုက်တယ်။

ချင်းယု ခေါင်းငြိမ့်လိုက်တယ်။
"‌တကယ်လို့ နောက်ပြန်မလှည့်ဘူးဆိုရင်ပေါ့ "

zombieတွေအုပ်စုလိုက်ကြီး ဝိုင်းလာမယ်ဆိုရင် ဖြစ်လာမဲ့နောက်ဆက်တွဲကို သူ မသိချင်ဘူး။

"ဒါက Bမြို့ကိုသွားတဲ့လမ်းလား "
GPSရော မြေပုံရောမရှိတာကြောင့် လမ်းမှားကြီးကိုသွားမိမှာ ကုနန်းစိုးရိမ်မိတယ်။ သူမရောက်ချင်တဲ့ နေရာကို အချိန်အကြာကြီးလှည့်လည်သွားရပြီးမှ ‌ရောက်သွားတာကို မလိုချင်ဘူး။

" ထင်တာပဲ "
ချင်းယုလည်း မရေရာတဲ့အသံနဲ့ ဖြေလိုက်တယ်။

"... "
' အသုံးမဝင်တဲ့သူတွေကို ကယ်လိုက်မိတာပဲ '

[ ' ဒါဆို Hostက လမ်းမေးဖို့အတွက်ပဲ သူတို့ကိုကယ်တာပေါ့။  ဝဋ်ကြွေးလျှပ်စီးတွေကို သုံးပြီးတော့လေ!!!! ' ]

# သူမက တကယ်ကို တကယ်ကြီးပဲ #

ချန်းယုက ကုနန်းရဲ့အကြည့်တွေကြောင့် ဖျားချင်သလိုပါဖြစ်သွားတော့တယ်။
' ငါပြောတဲ့ထဲ အမှားပါသွားလို့လား? သူမက တကယ်ကြီး အချိန်မရွေးထပေါက်နိုင်တဲ့ ဗုံးတစ်လုံးပဲ။ ဘုရားကသတ္တိတွေလာပေးတောင် သူမကိုတော့ ရန်သွားရှာရဲဦးမှာ မဟုတ်ဘူး '

ရှီရှန်း  ရှီရှန်း Book 1  Arc 1 To Arc 4Where stories live. Discover now