Unicode
"ဆရာတူညီမ နိုးလာပြီလား "
"မနိုးသေးဘူး ဆရာ
ဆရာအဖိုးကပြောတယ် ဒေါ်လေးရဲ့ကျင့်ကြံဆင့်ကအမှန်ဆိုရင် ဒီနှစ်ထဲမှာ အခြေတည်အဆင့်ကိုတက်လှမ်းနိုင်တော့မှာဆို ...... တကယ်လို့သာအဲ့ဒီလိုဖြစ်နိုင်လိမ့်မယ်ဆိုရင် သူမက မြူခိုးတောင်ဂိုဏ်းရဲ့အသက်အငယ်ဆုံး အခြေတည်အဆင့်ကျင့်ကြံသူဖြစ်လာမှာ
ဒါပေမယ့် အခုတော့အရာအားလုံးကအချည်းနှီးဖြစ်သွားပြီ.. ဒေါ်လေးသာသိရင်..သူမ အရမ်းစိတ်ပျက်သွားလိမ့်မယ်..."သက်ပြင်းချလိုက်ကြတယ်..
ရှီရှန်းက မူလအခြေအနေထဲကို သတိ၀င်လာလာချင်းမှာကြားလိုက်ရတာကတော့ သက်ပြင်းရှည်ကြီးဖြစ်တယ်"ဂိုဏ်းတူဒေါ်လေး...ဒေါ်လေး နိုးလာပြီလား..."ကောင်မလေးကရှီရှန်းရဲ့ နားနားကိုကပ်ပြီး အော်လိုက်တယ်
"ဆရာ...မြန်မြန်..ဆရာတူအဖိုးကို ခေါ်လိုက်..."ရှီရှန်းရဲ့ နှလုံးကပြင်းပြင်းထန်ထန်ခုန်နေတယ်
နာကျင်မှုက ရင်ဆိုင်နိုင်ဖို့ခက်ခဲတယ်
၁၀စက္ကန့်လောက်အားယူပြီးတဲ့အခါမှပဲ ရှီရှန်းကသူမအနားကလူတွေကိုအကဲခတ်နိုင်တော့တယ်
သူမအနားမှာရပ်နေတဲ့မိန်းကလေးကတော့ ကောင်းကင်ဘုံစွန်းတောင်ထွဋ်ရဲ့တပည့်တစ်ယောက်ဖြစ်တဲ့ လင်းရီရီဖြစ်ပြီးမူလကိုယ်ရှန်းရှူနဲ့အလွန်ကောင်းမွန်တဲ့ဆက်ဆံရေးရှိသူဖြစ်တယ်"ငါဘယ်လောက်ကြာအောင်အိပ်ပျော်သွားတာလဲ"
ရှီရှန်းက ခြောက်သွေ့နေတဲ့နှုတ်ခမ်းတွေကိုလျှာနဲ့သပ်လိုက်တယ်
သူမရဲ့လည်ချောင်းထဲမှာပူချစ်နေပြီးတံတွေးမျိုချဖို့တောင်ခက်ခဲနေတာကြောင့်စကားသံတွေကအက်ကွဲနေတယ်"၃ရက်ရှိပြီဒေါ်လေး... လာ..ရေနည်းနည်းသောက်လိုက်ပါအုံး..ဆရာအဖိုး ခနနေရင်ရောက်လာလိမ့်မယ်."
လင်းရီရီက ရေတစ်ခွက်ကိုအမြန်ခပ်ယူလာကာ ရှီရှန်းရေသောက်ဖို့ ကူညီပေးတယ်
အေးမြတဲ့ရေကလည်ချောင်းတစ်လျှောက်ကိုဖြတ်စီးသွားတာမို့ နေရထိုင်ရတာပိုပြီး သက်သာလာတယ်
သူမက အခန်းပတ်ပတ်လည်ကိုကြည့်လိုက်တယ်
YOU ARE READING
ရှီရှန်း ရှီရှန်း Book 1 Arc 1 To Arc 4
Teen FictionUnicode သည်းထိတ်ရင်ဖိုဇာတ်လမ်းတွေကိုနှစ်သက်တဲ့ စာရေးဆရာမရှီရှန်းဟာ ရေးလက်စ စာအုပ်များစွာကို ရပ်တန့်ခဲ့တယ် မြောက်များစွာသော အဓိကဇာတ်ဆောင်တွေကို ၀မ်းနည်းစရာဇာတ်သိမ်းပေးခဲ့တဲ့ မိထွေးလို စာရေးဆရာမတစ်ယောက်ဖြစ်တယ် ဒီနေ့လို သာယာတဲ့နေ့မျိုးမှာ...