➡️Unicode
စုရီရီနဲ့အားနန်တို့က fresher welcomeပါတီမှာမှာတစ်ကျောင်းလုံးကကျောင်းသားတွေရှိနေတဲ့အချိန် ရှီရှန်းကိုတောင်းပန်ဖို့အပြစ်ပေးခံရတယ် .
အဲ့ဒါကြောင့်မို့လို့ မေတ္တာရှင်မလေးစုရီရီကအပြင်းအထန်ကိုစိတ်ဆိုးသွားရတယ်+~ရွှီချန်ယွဲ့အပေါ်မှာအမှားလုပ်မိမှာကိုပဲ ကြောက်တတ်ကြတယ် ပြီးရင် သူတို့သိတာဆိုလို့ ပိုက်ဆံမရှိတဲ့လူတွေကို ဘယ်လိုနှိမ့်ချရမလဲ ဆိုတာပဲ~
Fresher welcome နေ့မှာ လူတွေအများကြီးက စုရီရီက ရွှီချန်ယွဲ့ကိုချောက်ချခဲ့တယ်ဆိုတဲ့ကိစ္စကြောင့် စိတ်အနှောင့်အယှက်ဖြစ်သွားကြရတယ်.ဒီကိစ္စက စုရီရီရဲ့ ဂုဏ်သတင်းကို အနည်းနဲ့အများထိခိုက်သွားစေပေမယ့် စုရီရီအဖို့ လမ်းပေါ်မှာ လူများမကြားအောင် ခပ်တိုးတိုးဆဲဆိုနေဖို့ပဲ တတ်နိုင်တယ်.ဒီကိစ္စကသူမအတွက် ထိခိုက်မှုဖြစ်ခဲ့ရတာကြောင့် စုရီရီက ရွှီချန်ယွဲ့ကိုပိုမုန်းသွားစေပြီး သူမရဲ့သွားတွေကိုတင်းတင်းစေ့ထားမိတော့တယ်.
ပြီးတော့ သူမက လင်းဟောက်နဲ့ ရင်းနှီးတာကြောင့်မို့လို့လည်း သူမကိုမနာလိုနေကြတဲ့ ကျောင်းသူတွေလဲရှိနေကြသေးတယ်.
ရွှီချန်ယွဲ့နဲ့အခုကိစ္စက သူမရဲ့ ကျောင်းကဘ၀ကိုပိုပြီးဆိုးသွားစေတယ်. ပိုဆိုးတာက လင်းဟောက်ကလည်းကျောင်းမှာရှိမနေသလို နန်ကုန်းကျင်းကလည်းcompanyကိစ္စကြောင့်ပြည်ပကိုရောက်နေတဲ့အတွက် ဒီရက်တွေမှာ သူမအတွက် ခက်ခဲနေရတယ်.ရှီရှန်းက သြဇာရှိတဲ့တစ်စုံတစ်ယောက်နဲ့ပတ်သတ်နေတယ် ဆိုတာ သေချာလာတယ်.
အပြစ်ပေးခံရတဲ့အတွက်ကြောင့်မို့လို့ ရှနဥ်နဲ့ အားနန်တို့က ရှီရှန်းကိုပိုမုန်းလာရတယ်
ဒါပေမယ့် သူတို့ကရှီရှန်းကို စကားနဲ့ပဲပြောနိုင်ကြတယ် သူတို့က ရှီရှန်းရဲ့ရှေ့နေနဲ့အပြိုင် ချေပပေးနိုင်မယ့် ရှေ့နေနောက်တစ်ယောက်မှ မငှားနိုင်ဘဲလေ.
YOU ARE READING
ရှီရှန်း ရှီရှန်း Book 1 Arc 1 To Arc 4
Teen FictionUnicode သည်းထိတ်ရင်ဖိုဇာတ်လမ်းတွေကိုနှစ်သက်တဲ့ စာရေးဆရာမရှီရှန်းဟာ ရေးလက်စ စာအုပ်များစွာကို ရပ်တန့်ခဲ့တယ် မြောက်များစွာသော အဓိကဇာတ်ဆောင်တွေကို ၀မ်းနည်းစရာဇာတ်သိမ်းပေးခဲ့တဲ့ မိထွေးလို စာရေးဆရာမတစ်ယောက်ဖြစ်တယ် ဒီနေ့လို သာယာတဲ့နေ့မျိုးမှာ...