Arc 1.2

7.6K 809 13
                                    

➡️Unicode


ခမ်းခမ်းနားနားအလှဆင်ထားတဲ့ hall ခန်းမကြီးထဲမှာ တီးလုံးသံငြိမ့်ငြိမ့်​လေးကို ဖွင့်ထားတယ်

ရှီရှန်းက ​ထောင့်ကျကျ​နေရာ​လေးကို​ရွေးချယ်ပြီးသွားထိုင်​နေလိုက်တယ်

သူမ​လေးရဲ့ပုံစံ​ဟာ တည်ငြိမ်ပြီးသဘာ၀ဆန်ဆန်ကျက်သ​ရေရှိရှိလှပ​နေတယ်

သူမရဲ့စိတ်ထဲမှာဘာ​တွေရှိ​နေတယ်ဆိုတာဘယ်သူကမှခန့်မှန်းလို့မရနိုင်​အောင်ကိုတည်ငြိမ်နေတယ်

ဒီpartyပွဲက နန်ကုန်းသခင်ကြီးရဲ့​မွေး​နေ့partyဖြစ်တယ်

ပြီး​တော့မူလဇာတ်ကြောင်းအရဆိုရင် ဒီ​နေ့ဟာ ရွှီချန်ယွဲ့က စုရီရီအ​ကြောင်းကိုနန်ကုန်းမိသားစုဆီအသိ​ပေးလိုက်တဲ့​နေ့လည်းပဲဖြစ်တယ်

ရှီရှန်းရဲ့ဆန္ဒက​တော့ နန်ကုန်းကျင်းရဲ့​ဘေးနားက​နေထွက်သွားဖို့နဲ့အဲ့ဒီအဖျက်​ကောင်ဆီက​နေ သူမမိသားစုကိုကာကွယ်ပြီး သူမလေးရဲ့မိဘနှစ်ပါးကို ​ကောင်း​ကောင်းမွန်မွန်အနားယူ​စေချင်တာဖြစ်တယ်

"ချန်းယွဲ့  နင်ကဒီမှာဘာလို့တစ်​ယောက်တည်းထိုင်​နေတာလဲ  သခင်​လေး နန်ကုန်းက နင်နဲ့ဘာလို့အတူရှိမ​နေတာလဲ"

ရှီရှန်းရဲ့​ဘေးနားမှာထိုင်​နေတဲ့နူးညံ့သိမ်​မွေ့ပုံပေါ်တဲ့ မိန်းမလှ​လေးက​မေးလိုက်တယ်.သူမမှာရှည်လျားတဲ့လှိုင်းတွန့်ဆံပင်​တွေရှိပြီးသူမ​ရဲ့က​လေးဆန်တဲ့ချစ်စရာမျက်နှာနုနု​လေးကိုဖုံးအုပ်​နေတယ်.သူမ​နဲ့ပတ်သတ်တဲ့အချက်အလက်​တွေက ရှီရှန်းရဲ့စိတ်ထဲမှာ​ပေါ်လာတယ်

လန်းရွှယ့်ဟာ မူလပိုင်ရှင်ကသူငယ်ချင်း​ကောင်းလို့သတ်မှတ်ထားတဲ့လူ​တွေထဲကတစ်​ယောက်ဖြစ်တယ်.

~အ​သေအချာပါပဲ  လန်းရွှယ့်ကိုလဲ​မေ့ထားလို့ဘယ်ဖြစ်ပါ့မလဲ~

ရွှီမိသားစုဒုက္ခ​‌ရောက်နေချိန်တုန်းက ရွှီချန်ယွဲ့ဟာ လန်းရွှယ့်ဆီမှာ အကူအညီသွား​တောင်းခဲ့ဖူးတယ် ဒါ​ပေမယ့် လန်းရွှယ့်ဟာကူညီမယ့်အစား သူမလေးကို​တောင် ဆိုးဆိုးရွားရွား​လှောင်​ပြောင်ခဲ့သေးတယ်.မူလရွှီချန်ယွဲ့ဟာ နန်ကုန်းကျင်းနဲ့စုရီရီတို့အ​ကြောင်းကို လန်းရွှယ့်ဆီကသိခဲ့ရတာဖြစ်တယ်

ရှီရှန်း  ရှီရှန်း Book 1  Arc 1 To Arc 4Where stories live. Discover now