Arc 3.6

3.4K 435 18
                                    

Unicode

"ကျွန်မကကောင်းကင်ဘုံလောကကိုသွားလို့မရသေးဘူး"
ရှီရှန်းကသူမခေါင်းကိုအကြိမ်ကြိမ်အခါခါ ခါယမ်းလိုက်တယ်
"ကျွန်မကအခုမှအခြေတည်အဆင့်ပဲရှိသေးတာကောင်းကင်ဘုံကိုတက်လှမ်းဖို့ဆိုတာအဝေးကြီးလိုသေးတယ်"
ဖုန်းစီကသူ့မျက်ခုံးကို ပင့်လိုက်တယ်
"ဒါပေမဲ့ ရှင်ကကျင့်ကြံခြင်းလောကမှာနေလို့ရတယ်လေ"
ရှီရှန်းရဲ့မျက်လုံးတွေကအရောင်လေးတွေလက်လာတယ်
"ရှင်ကောင်းကင်ဘုံလောကမှာနေလာတာအရမ်းကြာနေပြီမဟုတ်လား....အဲဒီတော့ရှင်နေရာပြောင်းပြီးနေကြည့်ရင်အတွေ့အကြုံအသစ်တွေရတာပေါ့,ကျွန်မဆိုလိုတာက....ဒီမှာနေပါလား.."

"အကယ်လို့ ကိုယ်သာဒီမှာနေမယ်ဆိုရင်မင်းကကောကိုယ်ကို့အ​ဖော်ပြု​ပေးနေမှာလား"
"ဒါပေါ့" ,
'ကျွန်မကရှင့်ကိုကောင်းကင်ဘုံရဲ့အရှင်သခင်ဖြစ်အောင်ကူညီရဦးမယ်ဆိုတော့ရှင်နဲ့အတူနေရမှာပေါ့,ရင်းနှီးမှုနဲ့ယုံကြည်မှုအမှတ်တွေတိုးလာအောင်ဒီအခွင့်အရေးကိုအသုံးချရမှာပေါ့'

"ကောင်းပြီလေ"

ရှီရှန်း ကသူမပါးစပ်ဖျားနားကိုရောက်လာတဲ့စကားလုံးတွေကိုလျှို့ဝှက်စွာမျိုချပြီးပြောလိုက်တယ်,'ရှင်သဘောတူတာကလည်းအရမ်းမြန်တာပဲငါလေးရဲ့သိမ်းသွင်းတဲ့စကေးတွေကိုတောင်မပြလိုက်ကဘူး....ရှေးခေတ်ကဗီလိန်တွေကသိမ်းသွင်းရတာလွယ်သားပဲ'

ဖုန်းစီကသူ့နဲ့နီးနီးကပ်ကပ်နေနိုင်တဲ့သူကိုမတွေ့ဖူးဘူး,အခုသူရဲ့အနားကိုကပ်နိုင်တဲ့ရှီရှန်းကိုမြင်ရတဲ့အခါမှာသူအရမ်းကိုပျော်ရွှင်သွားတယ်,သူမကိုသူ့ဘေးမှာပဲတစ်သက်လုံးထားချင်နေတယ်
"ငါမင်းအတွက်ဟိုမြွေသားရဲကိုဖမ်းပေးမယ်"
ဖုန်းစီကရှီရှန်းရဲ့လက်ကိုဆွဲပြီးတော့တိမ်မည်းတွေအုံ့ဆိုင်းနေတဲ့နေရာကိုခေါ်သွားတယ်
'ငါ့မိန်းကလေးမှာအကောင်းဆုံးတွေပဲရှိရမယ်,မြွေဝိညာဥ်သားရဲတွေကနဂါးတွေလောက်မကောင်းပေမဲ့သူတို့ကသေမျိုးလောကနဲ့ကျင့်ကြံခြင်းလောကမှာတော့အတော်ကိုကောင်းလွန်းတယ်,ငါတို့ကောင်းကင်ဘုံလောကကိုသွားတဲ့အခါကြမှသူမအတွက်နဂါးတစ်ကောင်လောက်ဖမ်းပေးရမယ်'

ရှီရှန်း  ရှီရှန်း Book 1  Arc 1 To Arc 4Where stories live. Discover now