Unicode
အဲ့ဒီနေ့ကနေစပြီးတော့ ယဲ့ချင်ချိုးရဲ့ဘ၀က အရှင်လတ်လတ်ငရဲကျနေသလိုခံစားနေရတယ်
အဲ့ဒီလူကသူမကိုအသက်ဆက်ရှင်နေအောင်ဘာနည်းလုံးသုံးထားလဲမသိပေမယ့် သူမပါလုံ့ကျွယ်နဲ့အတူတူလိုက်သေသွားရရင် ကောင်းမယ်လို့ ဆုတောင်းမိတယ်သူမကိုယ်တိုင်သူ့ကိုအလုပ်အကျွေးပြုရသလို ချောမောလှပတဲ့အပျိုစင်လေးတွေကိုလည်း ရှာဖွေပေးရသေးတယ်
သူကရေ၀ိညာဥ်သွေးကြောပိုင်ဆိုင်တဲ့မိန်းကလေးတွေကိုပဲအသုံးပြုတာမဟုတ်တော့ဘဲ အပျိုစင်မိန်းကလေးတိုင်းကိုပါ ပစ်မှတ်ထားလာတယ်ယဲ့ချင်ချိုးကထွက်ပြေးဖို့ကြိုးစားခဲ့ပေမယ့်လည်း အဲ့ဒီသူက သူမကိုအမြဲတမ်းပြန်ဖမ်းမိနေတယ် ပြီးတော့ထွက်ပြေးတဲ့အတွက် ရတဲ့ပြစ်ဒဏ်ကလည်း မခံမရပ်နိုင်အောင်နာကျင်ရတာမို့လို့ နောက်တစ်ကြိမ်ထွက်ပြေးဖို့ မတွေးရဲတော့ဘူး
အမျိုးသားတွေအများကြီးနဲ့ နှစ်ပေါင်းများစွာဆက်ဆံထားပြီး စွမ်းအင်အမြောက်အများရှိနေတဲ့ သူမရဲ့ခန္ဓာကိုယ်က သူ့အတွက် နှစ်ရှည်လများ စွဲသုံးနိုင်တဲ့ အားဆေးတစ်ခွက်လိုဖြစ်နေတာကြောင့် သူမသာ သူ့စကားကိုနာခံနေသမျှ အသက်ရှင်လို့ရနေလိမ့်အုံးမယ် ကံဆိုးသွားသူတွေကတော့ သူမပြန်ပေးဆွဲလာပေးရတဲ့ အဲ့ဒီအပျိုစင်လေးတွေပဲ သူတို့ကမူလပုံစံမပေါ်တော့အောင်ကို နှိပ်စက်အနိုင်ကျင့်ခံကြရပြီး သေဆုံးကုန်ကြတယ်
"အခုတလော မိန်းကလေးတွေအများကြီးပျောက်နေကြတယ်နော် ငါကြားတာတော့ဒီကိစ္စက မကောင်းဆိုး၀ားသခင်နားထဲထိရောက်သွားလို့ စုံစမ်းဖို့အတွက်လူတွေလွှတ်လိုက်ပြီဆိုပဲ "
"ဟမ့်...... ဘယ်သူသိနိုင်မလဲ..ဒီကိစ္စက အဲ့ဒီမကောင်းဆိုး၀ါးတွေ လုပ်တာလဲဖြစ်ချင်ဖြစ်နေနိုင်တာပဲ.."
"ရှူး!!!.. ..မင်း သေချင်နေပြီလား...အခုချိန်မှာကျင့်ကြံခြင်းလောကကိုမကောင်းဆိုး၀ါးမျိုးနွယ်စုကအုပ်ချုပ်နေတာကွ ...နောက်တစ်ခါ အဲ့လိုတွေမပြောမိစေနဲ့...."
YOU ARE READING
ရှီရှန်း ရှီရှန်း Book 1 Arc 1 To Arc 4
Teen FictionUnicode သည်းထိတ်ရင်ဖိုဇာတ်လမ်းတွေကိုနှစ်သက်တဲ့ စာရေးဆရာမရှီရှန်းဟာ ရေးလက်စ စာအုပ်များစွာကို ရပ်တန့်ခဲ့တယ် မြောက်များစွာသော အဓိကဇာတ်ဆောင်တွေကို ၀မ်းနည်းစရာဇာတ်သိမ်းပေးခဲ့တဲ့ မိထွေးလို စာရေးဆရာမတစ်ယောက်ဖြစ်တယ် ဒီနေ့လို သာယာတဲ့နေ့မျိုးမှာ...