Arc 1.13

5.4K 639 3
                                    

➡️Unicode

​တောင်ဘက်ကပွဲခန်းမမှာ ကျင်းပတဲ့ပါတီက ဥ​ရောပစတိုင်ဖြစ်တယ်​.ခန်းမကအရမ်းကြီးမကျယ်​ပေမယ့် လာတဲ့လူကလည်း အရမ်းမများတဲ့အတွက် အဆင်​ပြေတယ်.

ပါတီကိုဖိတ်ကြားခံရတဲ့သူ​တွေကလည်း နိုင်ငံ့ထိပ်သီးမိသားစု၅၀၀ထဲကပဲဖြစ်ကြတယ် ပြီး​တော့ အဲ့ဒီမိသားစု၅၀၀လုံးကက​လေး​တွေအကုန်လုံးကလည်းဒီ​ကျောင်းမှာပဲတက်ကြတာမှမဟုတ်တာ. ဒါ့အပြင်ဒီ​ကျောင်းမှာတက်တဲ့လူ​တွေထဲက​တော်​တော်များများကလည်း နိုင်ငံခြားကိုပညာ​တော်သင်သွားကုန်ကြပြီ
အဲ့ဒါ​ကြောင့်မို့လို့ ဒီပါတီမှာ စုရီရီတို့လိုတဆင့်ဖိတ်ကြားခံရတဲ့လူအ​ရေအတွက်ကို​ပေါင်းထည့်လိုက်ရင်​​တောင်မှ စုစု​ပေါင်း အ​ယောက်၁၀၀​တောင်မရှိဘူး​.

ရှီရှန်းက​ အဖော်လည်း​ခေါ်မလာတဲ့အတွက် အခန်း​ထောင့်မှာပဲ တစ်​ယောက်ထဲရပ်​နေပြီး ပါတီကိုလာတဲ့လူ​တွေရဲ့မျက်နှာကိုလိုက်ကြည့်​နေလိုက်တယ်.

ဒီလူ​တွေရဲ့ပြုံး​နေတဲ့မျက်နှာဖုံး​အောက်က စိတ်ထားအစစ်အမှန်ကို ဘယ်သူကများသိနိုင်မလဲ
[TN/မျက်နှာဖုံးအစစ်ဖုံးထားတာကို​ပြောတာမဟုတ်ပဲနဲ့ မျက်နှာ​ပေါ်ကအ​ပေါ်ယံအပြုံးကိုဖယ်လိုက်ရင်အဲ့ဒီလူ​တွေရဲ့စိတ်ထားအစစ်အမှန်ကဘာများဖြစ်မလဲဆိုတဲ့အဓိပ္ပါယ်ပါ ]

ဒါ​ပေမယ့် ရှီရှန်းလိုမျိုး​ဘေးကကြည့်​နေတဲ့လူ​တစ်​ယောက်ရဲ့အမြင်မှာ​တော့ သူတို့​တွေရဲ့ဖုံးကွယ်ထားတဲ့ စိတ်ထားအစစ်အမှန်​တွေကအလွယ်​လေးပဲ​ပေါ်လွင်​နေသလိုပဲ .
သာမန်လူတန်းစားတို့ရဲ့ပါတီမှာမရှိနိုင်တဲ့ ​လူကုံထံတို့ရဲ့​ကောက်ကျစ်မှု မနာလိုမှု သ၀န်တိုမှု စသဖြင့်​ပေါ့

"ဘာ​တွေကိုများဒီ​လောက်ထိစိတ်၀င်တစားကြည့်​နေတာလဲ"
မိန်းက​လေးတစ်​ယောက်ရဲ့ကျက်သ​ရေရှိတဲ့အသံ​လေးကို ရှီရှန်းကြားလိုက်ရတယ်​.

ရှောင်​ဝေက ကိုယ်ကျပ်ဂါ၀န်ကို၀တ်ဆင်ထားတာ​ကြောင့်သူမရဲ့သွယ်လျတဲ့ခန္ဓာကိုယ်အလှက​ပေါ်လွင်​နေတယ်.အထက်တန်းစားဆန်ဆန်မိတ်ကပ်ကိုပြင်ဆင်ထားပြီးဆံပင်ကို​ကောက်ထားတာ​ကြောင့် သူမရဲ့လှုပ်ရှားမှုတိုင်းကဆွဲ​ဆောင်မှုရှိ​နေပြီး ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိတဲ့အမျိုးသမီးတစ်​ယောက်ရဲ့ပုံစံအပြည့်ရှိ​နေတယ်.

ရှီရှန်း  ရှီရှန်း Book 1  Arc 1 To Arc 4Tahanan ng mga kuwento. Tumuklas ngayon