Unicode
တိုက်ပွဲမှာ Bမြို့ရဲ့ အဆင့်မြှင့်တိုက်ခိုက်ရေးသမားများစွာကို ဆုံးရှုံးခဲ့ပြီး သူတို့ခံတပ်အတွက် ဆုံးရှုံးမှုကြီးတစ်ခုဖြစ်ခဲ့တယ်။ ဒါပေမဲ့ ဖုတ်ကောင်တွေဘက်က တစ်ဝက်တစ်ပျက်က ဆက်မတိုက်ဘဲ ပြန်ဆုတ်သွားကြတယ်။ သတ်မလို့လုပ်ထားတဲ့လူတွေကိုတောင် ခနလေးအတွင်းမှာပစ်ချခဲ့ပြီး ထွက်သွားကြတော့တယ်။ Bမြို့သူတွေနဲ့အရာရှိတွေက အငြိုးကြီးလွန်းတဲ့ဟိုမိန်းမ ထပ်ရောက်လာမှာကို တစ်ချိန်လုံးစိုးရွံနေခဲ့ကြတယ်။ တစ်လလောက်ကြာတဲ့ အထိ ရောက်မလာတော့မှသာ စိတ်အေးသွားကြတော့တယ်။
..............
အဲ့အချိန် ရှီရှန်းတို့က မြို့တော်ဆင်ခြေဖုံးနားမှာ ဖုတ်ကောင်တွေနဲ့ အတူတူရှိနေလေတယ်။
" Rarr! "
ပဥ္စမအဆင့် ဖုတ်ကောင်တစ်ကောင်က သွေးတစက်စက်ကျနေတဲ့ အသားတုံးကြီးကိုင်ပြီး ရှီရှန်းကို စိုက်ကြည့်လာတယ်။ ရှီရှန်းတကယ် ဆွံအသွားတော့တယ်။' ငါက လူသားမစားဘူးလေ!!!!! '
ချန်လိအနားမှာ အဆင့်မြှင့်ဖုတ်ကောင်တွေလည်း ရှိနေပြီ။ တော်တော်များများက Dမြို့ကနေ ခေါ်ခဲ့တာဖြစ်တယ်။ တချို့တလေကတော့ လမ်းမှာ တွေ့ခဲ့တာဖြစ်တယ်။ အခုသူ့လက်အောက်မှာ အင်အားတော်တော်များနေပြီ ဖြစ်တယ်။ အဲ့ထဲက တစ်ယောက်က ပဥ္စမအဆင့်ထိရောက်နေပြီ။ စောနက ရှီရှန်းကို အသားလာပေးတဲ့တစ်ကောင်လေ။
အဆင့်နိမ့်အကောင်များက ရှီရှန်းကိုလျစ်လျှူရှုထားကြတယ်။ တတိယအဆင့်နဲ့ စတုတ္ထအဆင့်ဖုတ်ကောင်တွေက သူမကိုတိုက်ခိုက်ချင်နေချင်နေကြပြီး တချိန်တည်းမှာ ကြောက်နေကြတယ်။ ပဥ္စမအဆင့်ဒီတစ်ကောင်တည်းကသာ သူမကိုဖားဖို့ရာ သိလေတယ်။
"ချန်လိ... "
ရှီရှန်းက အဝေးမှာရှိနေတဲ့ ချန်လိကိုလှမ်းခေါ်လိုက်တယ်။ ချန်လိက သူမအနားချက်ချင်းရောက်လာခဲ့တယ်။မြေကြီးပေါ်က သွေးတွေနဲ့အသားကိုမြင်တော့ သူကပဥ္စမအဆင့်ဖုတ်ကောင်အား ချက်ချင်းဆင့်ခေါ်လိုက်ပြီးတော့ သူက ရှီရှန်းကဒီလိုအစာတွေမကြိုက်ကြောင်း ပြောလိုက်တယ်။ နောက်ကျရင် လတ်လတ်ဆတ်ဆတ်အသီးရွက်တွေသာ ယူလာဖို့လည်း မှာလိုက်သေးတယ်။
YOU ARE READING
ရှီရှန်း ရှီရှန်း Book 1 Arc 1 To Arc 4
Teen FictionUnicode သည်းထိတ်ရင်ဖိုဇာတ်လမ်းတွေကိုနှစ်သက်တဲ့ စာရေးဆရာမရှီရှန်းဟာ ရေးလက်စ စာအုပ်များစွာကို ရပ်တန့်ခဲ့တယ် မြောက်များစွာသော အဓိကဇာတ်ဆောင်တွေကို ၀မ်းနည်းစရာဇာတ်သိမ်းပေးခဲ့တဲ့ မိထွေးလို စာရေးဆရာမတစ်ယောက်ဖြစ်တယ် ဒီနေ့လို သာယာတဲ့နေ့မျိုးမှာ...