Unicode
မြောက်ဘက်တောင်ဂိုဏ်းမှာငါ တောင်သခင်အဖြစ်ခန့်အပ်ခြင်းခံရတဲ့နေ့က သူမရဲ့လက်ထပ်ပွဲနေ့ပဲ.ငါတို့ရဲ့ပတ်သတ်မှုကလည်းဒီမှာပဲတစ်ခန်းရပ်သွားပြီလို့ငါထင်ခဲ့တယ်
ငါကသူမကိုငယ်စဥ်ကတည်းကချစ်ကျွမ်း၀င်မိခဲ့တယ် ငါ့ဘ၀တစ်လျှောက်လုံးမှာသူမကိုပဲဇနီးအဖြစ်လက်ထပ်ယူမယ်လို့ သတ်မှတ်ခဲ့တယ်.ငါတို့မှာ ထက်မြတ်ပြီးချစ်စရာကောင်းတဲ့သားသမီးလေးတွေရှိပြီး ဘ၀သက်တမ်းတစ်လျှောက်လုံးတူတူဖြတ်သန်းသွားကြမယ်လို့ထင်မှတ်ခဲ့ဖူးတယ်
သနားစရာပဲ... ကံတရားကငါ့ကိုမျက်နှာသာမပေးခဲ့ဘူး.ဘာကြောင့်မှန်းမသိဘဲ သူမကငါ့ကိုရှောင်ဖယ်စပြုလာတယ်..အကြောင်းအရင်းမရှိဘူး...ငါတို့နှစ်ယောက်ဆက်ပြီးေ၀းကွာလာခဲ့တယ်
ငါတို့တွေ့တဲ့အချိန်မှာတောင်မှ သူမရဲ့ပါးစပ်ကနေ နာမည်အသစ်တစ်ခုကိုပဲ တမ်းတနေခဲ့တယ် အဲ့ဒီနာမည်ကငါနဲ့အရမ်းစိမ်းသက်နေတယ်
အဲ့ဒီလူအကြောင်းငါကိုပြောပြတဲ့အချိန်မှာသူမရဲ့မျက်နှာက အရမ်းကိုနူးညံ့နေပြီး ချိုမြိန်နေတယ်
ငါသိချင်မိပါတယ်..ငါသာသူမကိုတစ်ကြိမ်တစ်ခါလောက်ပဲဖြစ်ဖြစ်ဖွင့်ပြောဖူးမယ်ဆိုရင် သူမငါ့ကိုအခွင့်အရေးတစ်ခုလောက်တော့ပေးနိုင်မလားလို့လေ
ဒါပေမယ့် ငါသာသူမကိုဖွင့်ပြောလိုက်မယ်ဆိုရင် ငါတို့တွေသူငယ်ချင်းအဖြစ်တောင် ရှိနေနိုင်တော့မှာမဟုတ်ဖူးလို့ ငါ့ရဲ့အသိစိတ်ကသတိပေးနေခဲ့တယ်
သူမရဲ့ချစ်စိတ်က မီးထဲကို၀င်တိုးနေတဲ့ပိုးဖလံတစ်ကောင်လိုပဲ သိပ်ကိုပြင်းပြလွန်းတယ် ငါ့ရဲ့ခံစားချက်တွေကိုသာသူမသိသွားရင် ငါ့ကိုပိုပြီးရှောင်ဖယ်သွားတော့မှာအသေအချာပဲ ငါအဲ့လိုမဖြစ်ချင်ဘူး ငါဖွင့်မပြောခဲ့ဘူး
မြောက်ဘက်တောင်ဂိုဏ်းမှာငါတောင်သခင်အဖြစ်ခန့်အပ်ခံရတဲ့နေ့တုန်းက သူမကမြောက်ပင်လယ်ကိုလက်ထပ်ဖို့လိုက်ပါသွားတာကို တောင်ထိပ်ကနေလှမ်းကြည့်နေခဲ့ရတယ်..ဒီမှာသာရပ်ပြီးသူမထွက်သွားတာကိုကြည့်နေရင် သူမနဲ့နည်းနည်းလောက်ပိုပြီး နီးစပ်ခွင့်ရအုံးမလားဆိုတဲ့ အတွေးနဲ့ပေါ့
VOUS LISEZ
ရှီရှန်း ရှီရှန်း Book 1 Arc 1 To Arc 4
Roman pour AdolescentsUnicode သည်းထိတ်ရင်ဖိုဇာတ်လမ်းတွေကိုနှစ်သက်တဲ့ စာရေးဆရာမရှီရှန်းဟာ ရေးလက်စ စာအုပ်များစွာကို ရပ်တန့်ခဲ့တယ် မြောက်များစွာသော အဓိကဇာတ်ဆောင်တွေကို ၀မ်းနည်းစရာဇာတ်သိမ်းပေးခဲ့တဲ့ မိထွေးလို စာရေးဆရာမတစ်ယောက်ဖြစ်တယ် ဒီနေ့လို သာယာတဲ့နေ့မျိုးမှာ...