Arc 4.26

2.6K 344 2
                                    

Unicode

' ညီမလေးလား! မဖြစ်နိုင်ဘူး ညီမလေးကဒီလောက်မငယ်နိုင်တော့ဘူး ပြီးတော့ ညီမလေးမျက်နှာမှာ မထီမဲ့မြင်မျက်လုံးတွေနဲ့ ဘဝင်မြင့်နေတဲ့အကြည့်တွေ မရှိဘူး။  '

မိန်းကလေးငယ်ရဲ့အသံချိုချိုလေးကို သူကြားလိုက်ရတယ်။
" တွေ့ရတာဝမ်းသာပါတယ် ဦးလေး ကျွန်မကကုနန်းပါ ချန်းဆုသမီး "

" တွေ့ရတာဝမ်းသာပါတယ် ဦးလေး ကျွန်မကကုနန်းပါ ချန်းဆုသမီး " ဒီစကားလုံးတွေက ချန်းဆောင်းနားထဲထပ်တလဲလဲဖြစ်နေတယ်။
' ဦး ဦးလေး! ဒါဆို သူက ညီမလေးရဲ့ကလေးလား '

ချန်းဆောင်း အချိန်အတော်ကြာထိ ဘာမှမပြောနိုင်ခဲ့ဘူး။ သူ့ခေါင်း‌ထဲမှာ ? တွေပြည့်နေပေမဲ့ ပါးစပ်ကထွက်မလာဘူးဖြစ်နေတယ်။

'ဒီကလေးရဲ့ရုပ်သွင်ပြင်အရ ညီမလေးသမီးတကယ်ဖြစ်နိုင်တယ်။ သူက ညီမလေးငယ်ငယ်တုန်းကနဲ့ တစ်ထေရာတည်းပဲ  '

" သ..သမီးက...တကယ်ပဲ ရှောင်ဆုရဲ့သမီးလေးလား "
အချိန်တစ်ခုကြာပြီး‌တဲ့နောက် သူမေးခွန်းစမေးနိုင်လာတော့တယ်။ သူ့အသံတွေက သူ့မျက်ဝန်းတွေလိုပဲ တုန်လှုပ်နေတယ်။

ရှီရှန်းက ပုခုံးတွန့်ပြလိုက်တယ်။
" တကယ်တော့ ဦးလေးယုံအောင်သက်သေပြစရာ ဘာမှမရှိဘူး "
' ငါ့မှာ ဘိုးဘွားပိုင် အမွေပစ္စည်းလည်းမရှိဘူး။ ဒီခေတ်ကြီးမှာ DNAစစ်ဖို့လည်း လွယ်နေတာမဟုတ်ဘူး။ ဒီတော့ ယုံတာမယုံတာက သူ့အပိုင်းပဲ '

ချန်းဆု " ....... "
' အမ် မင်းကမှ ဆွေမျိုးတွေကိုလာရှာတဲ့သူလေ။ သက်သေပြစရာ ဘာမှယူမလာဘူးလား။ ဒါတကယ်ထူးဆန်းတာပဲ!!! '

ချန်းဆောင်းမှာ သက်သေဘာမှမရှိပေမဲ့ သူ့ရှေ့ကကလေးမလေးက သူ့ညီမလေးနဲ့ ချွတ်စွပ်တူနေတယ်။ ဒါကြောင့် သူကပစ်မထားချင်ဘူး။ ပြီးတော့ သူ့မသိစိတ်ထဲကနေ ဒါကသူ့ညီမလေးသမီးဆိုတာပြောနေတယ်။ နည်းနည်းတော့ ထူးဆန်းပေမဲ့ သွေးကစကားပြောလာတာ။သူစိမ်းနှစ်ယောက်ကို မိသားစုအဖြစ်ပေါင်းစည်းစေခဲ့တယ်။

" သမီးနာမည်က ကုနန်းနော်? "
ချန်းဆောင်း ဒီနာမည်ကိုရင်းနှီးနေပေမဲ့ ဘယ်မှာကြားဖူးမှန်းမသိဘူး။

ရှီရှန်း  ရှီရှန်း Book 1  Arc 1 To Arc 4Where stories live. Discover now