Unicode
ဒီခန္ဓာကိုယ်ရဲ့မူလပိုင်ရှင်ကို"ကျန့်၀မ်"လို့ခေါ်ပြီးဒုတိယအဆင့်မြို့တော်မှာနေထိုင်ခဲ့တယ်သူမအသက်၁၀နှစ်အရွယ်မှာ မိဘနှစ်ယောက်လုံးက ကားမတော်တဆဖြစ်မှုကြောင့်သေဆုံးသွားခဲ့ရပြီးကျန့်၀မ်ကအမေဘက်က ဦးလေးဆီမှာ လိုက်နေခဲ့ရတယ်
သူမရဲ့မိဘတွေက မတော်တဆမှုမှာဆုံးပါးသွားခဲ့တာမို့လို့ အသက်အာမခံငွေနည်းနည်းလောက်ရခဲ့တယ်အဲ့ဒီငွေနဲ့ သူမရဲ့ပညာရေးကို ပြီးဆုံးစေနိုင်ပြီး တက္ကသိုလ်ပြီးအောင်တက်ဖို့လုံလောက်ပါတယ်ဒါပေမယ့် သူမကို စောင့်ရှောက်တဲ့ ဦးလေးတို့မိသားစုက သူမအပေါ်မှာ ကောင်းကောင်းမဆက်ဆံကြဘူးအာမခံငွေတွေအကုန်လုံးကိုအပိုင်စီးထားကြတာတောင်မှ သူမအပေါ် အစေခံတစ်ယောက်လိုဆက်ဆံကြတယ်သူမရဲ့တက္ကသိုလ်ကျောင်းလခကိုတောင်မှပဲ မပေးခဲ့ကြဘူးကျန့်၀မ်က အထက်ကျောင်းတက်နေခဲ့ကတည်းက အချိန်အပိုင်းအလုပ်တွေလုပ်ခဲ့ရတယ်ဒါပေမယ့် ကျန့်၀မ်အထက်တန်းကျောင်း တတိယနှစ်ယောက်တဲ့အခါမှာ သူမရဲ့ဦးလေးက အသက်၄၀လောက်ရှိတဲ့ သူ့သူငယ်ချင်းနဲ့အတင်းအကျပ်ပေးစားဖို့လုပ်ခဲ့တယ်သူမက ဘ၀တစ်ခုလုံးကို ဒီလိုကြီး အဆုံးရှုံးမခံနိုင်တာကြောင့် အိမ်ကနေထွက်ပြေးလာခဲ့ပြီးဦးလေးတို့ မိသားစုရှာတွေ့သွားကြမှာစိုးလို့ ပထမအဆင့် ချင်မြို့တော်ကို ခပ်ကြောက်ကြောက် တက်လာခဲ့ရတယ်မြို့တော်ကိုရောက်တဲ့အခါမှာ ကျန့်၀မ်က ဖျော်ဖြေးရေး entertainmentတစ်ခုမှာ dramaတစ်ခုရဲ့ ဖြတ်လျှောက်တစ်ယောက်အဖြစ် အလုပ်၀င်ခဲ့တယ်အစပိုင်းမှာ ဖြတ်လျှောက်တစ်ယောက်အဖြစ်သာဆိုပေမယ့် သူမက အရမ်းလှလွန်းနေပြီးကံလည်းနည်းနည်းကောင်းတာကြောင့် screen timeနည်းနည်းပိုရတဲ့ အစေခံခေါင်းဆောင် နေရာမှာ သရုပ်ဆောင်ခဲ့ရတယ်
နောက်ပိုင်းမှာတော့ ဒုတိယမင်းသမီးနေရာကဇာတ်ကောင်တွေမှာ သရုပ်ဆောင်ရလာတဲ့အထိ အခွင့်အရေးတွေရခဲ့တယ်အဲ့ဒီဇာတ်ကောင်က လူတွေသဘောကျပြီး လူငယ်ကြိုက dramaအမျိုးအစားလည်းဖြစ်တာကြောင့်မို့လို့ ရုပ်သံလိုင်းတွေမှာ ထုတ်လွှင့်တဲ့အခါမှာ ကျန့်၀မ်က အောင်မြင်မှု အနည်းငယ်ရလာခဲ့တယ်အဲ့ဒါကြောင့် သူမလည်း သုံးဖန်လို့ခေါ်တဲ့ entertainmentတစ်ခုနဲ့ စာချုပ်ချုပ်ခွင့်ရခဲ့တယ်
YOU ARE READING
ရှီရှန်း ရှီရှန်း Book 1 Arc 1 To Arc 4
Teen FictionUnicode သည်းထိတ်ရင်ဖိုဇာတ်လမ်းတွေကိုနှစ်သက်တဲ့ စာရေးဆရာမရှီရှန်းဟာ ရေးလက်စ စာအုပ်များစွာကို ရပ်တန့်ခဲ့တယ် မြောက်များစွာသော အဓိကဇာတ်ဆောင်တွေကို ၀မ်းနည်းစရာဇာတ်သိမ်းပေးခဲ့တဲ့ မိထွေးလို စာရေးဆရာမတစ်ယောက်ဖြစ်တယ် ဒီနေ့လို သာယာတဲ့နေ့မျိုးမှာ...