Arc 4.24

2.5K 344 1
                                    

Unicode

‌အလင်းထုက မိုးကုတ်စက်ဝိုင်းထဲ ဝင်သွားတော့တယ်။ မနီးမဝေးမှာ တရွေ့ရွေ့လာနေတဲ့ တစ်စုံတစ်ခုလည်းရှိတယ်။

ဖုတ်ကောင်တွေ! 

ဖုတ်ကောင်အုပ်စုလိုက်ကြီး! 

Aအဆင့်အချက်ပေးသံတွေက အခြေစိုက်စခန်းအတွင်းမှ ထွက်လာတယ်။ ကုနန်းအတွက် ဂိတ်တံခါးဖွင့်​ပေးနေတဲ့သူတွေလည်း ဆက်မဖွင့်ရဲကြတော့ဘူး။ ဒုတိယမြောက်နဲ့တတိယမြောက်နံရံက သံတံခါးတွေကို ပိတ်ချလိုက်တယ်။

ဖုတ်ကောင်တွေက စခန်းဘက်ဦးတည်လာနေတာကို မြင်တဲ့အခါ စခန်းအပြင်ဘက်မှာအလုပ်လုပ်နေတဲ့ သူတွေက တံခါးဖွင့်ပေးဖို့ တောင်းဆိုကြတယ်။ အပြင်ဘက်အလုပ်သမားတွေက စတေးခံမဖြစ်ချင်တာကြောင့် အသေပိတ်ထားတဲ့ သံတံခါးတွေကို ထုနေကြတယ်။ ဒါပေမဲ့ ဇုန်အတွင်းက ဂိတ်တာဝန်ရှိသူတွေက ဖွင့်မပေးရဲကြပါဘူး။

တကယ်တော့ ဂိတ်တွေကအဆင့်ဆင့်ရှိတယ်။ ဂိတ်တံခါးတိုင်းကိုလည်း ပိတ်ထားကြတယ်။ ရှီရှန်းက တတိယနဲ့စတုတ္ထဂိတ်ကြားထဲမှာပဲ ရှိနေခဲ့တယ်။ဂိတ်တစ်ခုနဲ့တစ်ခုက အရမ်းကြီးကွာမနေဘူး။ မီတာအနည်းငယ်ပဲခြားထားတာ။ ဇုန်အတွင်းထဲထိ ပြန်မရောက်လိုက်သေးတဲ့ တခြားလူတွေလည်းရှိတယ်။ သူတို့က အပြင်ဘက်ကလူတွေလောက်တော့ ထိတ်လန့်မနေဘူး။ ဘာလို့ဆိုတတိယတံခါးကြားထဲမှာရှိနေတဲ့အတွက် နည်းနည်းလေးတော့ ပိုလုံခြုံသေးတယ်လေ။

ချန်းရှီတို့အဖွဲ့က စတုတ္ထမြောက်ဂိတ်‌မှာပိတ်မိနေခဲ့တယ်။ သူကမကြာသေးခင်ကမှ ပြန်လာခဲ့တာ။ သူ့လူအချို့ကိုလည်း ကုနန်းကိုစောင့်ကြည့်ထားဖို့ မှာထားခဲ့သေးတယ်။

ရှီရှန်းက ထရပ်ကားအထဲကထွက်ပြီး အမိုးပေါ်တက်ကြည့်လိုက်တယ်။

နံရံတွေက မြင့်လွန်း​ပေမယ့်လည်း အမိုးမပါတာ​ကြောင့် ရှီရှန်းထရပ်ကားအမိုးကနေ ဂိတ်တံခါးထိပ်နား လှမ်းခုန်လိုက်တယ်။ သူမက နံရံတွေကို တွယ်တက်နေတယ်။ သူ့လှုပ်ရှားမှုတွေကို အောက်ကသူတွေမြင်တော့ ထိတ်လန့်သွားပြီး ရပ်ဖို့ရာ အော်ပြောတော့တယ်။

ရှီရှန်း  ရှီရှန်း Book 1  Arc 1 To Arc 4Where stories live. Discover now