Arc 1.11

5.2K 631 2
                                    


➡️Unicode

ဆရာမက စုရီရီရဲ့​ခေါင်းမှာ​သွေးထွက်​နေတာကိုမြင်တဲ့အခါမှာ မျက်​မှောင်ကြုတ်ပြီး​မေးလိုက်တယ်

"စုရီရီ ညည်းကိုဘယ်သူတွန်းလိုက်တာလဲ"

စုရီရီက ရှီရှန်းကိုမလုံမလဲတစ်ချက်ကြည့်ပြီး သူမ​ခေါင်းကို သနားစဖွယ်ယမ်းလိုက်တယ်

"ဘယ်သူမှမတွန်းဘူး ဆရာမ သမီးဘာသာသမီး ​ချော်လဲတာပါ"

ဒီလိုမျိုးသိသာတဲ့ 'ဖုံးကွယ်​ပေးမှုကြီး'ကို ဆရာမက အလျင်အမြန်ကို ရိပ်မိသွားတယ်

"မလိမ်နဲ့ သူကနင့်ကိုတွန်းလိုက်တာမလား"

ဆရာမကရှီရှန်းကိုညွှန်ပြပြီး​မေးတယ်

စုရီရီရဲ့ဇာတ်လိုက်မပါ၀ါကြောင့် ဆရာမက သူမအ​ပေါ်ကိုကောင်းမွန်တဲ့အမြင်သာရှိပြီးပြစ်မှုကျူးလွန်ခဲ့ပုံ​ပေါ်တဲ့ တခြားမိန်းက​လေးက​တော့ ဆက်ဆံရခက်မယ့်ပုံ​ပေါ်တယ်

"ဒါ့အပြင် အဲ့ဒီ​ကောင်မ​လေးက ဇိမ်ခံကား​တွေနဲ့ ခနခနပါပါသွားပြီး ပြန်လာတဲ့အခါမှာ သူမ၀တ်လာတဲ့အ၀တ်အစား​တွေက ​ပြောင်းသွား​လေ့ရှိတယ် ဒီလို​ကျောင်းသူမျိုး​တွေကိုကြုံရ​ပေါင်းများ​နေပြီ"

"မဟုတ် ...အဲ့လိုမဟုတ်ပါဘူး"
စုရီရီက ဟန်ဆောင်ကာရှင်းပြဖို့လုပ်တယ်

"ရီရီ နင်ဘာလို့သူ့ကိုကာကွယ်​ပေး​နေတာလဲ ဆရာမ ရီရီကိုတွန်းလိုက်တာသူပဲ ရှနဥ်နဲ့သမီးတို့က သက်​သေလုပ်​ပေးနိုင်တယ်"

ရှနဥ်က နဲနဲ​လောက်တုံ့ဆိုင်းသွား​ပေမယ့် ရှီရှန်းရဲ့ဂရုမစိုက်တဲ့ပုံစံကိုမြင်တဲ့အခါမှာ​တော့ သူမလည်း​​ခေါင်းငြိမ့်ပြီး​ထောက်ခံလိုက်​တော့တယ်

"နင့်နာမည်ကဘာလဲ"
ဆရာမကရှီရှန်းကိုစိုက်ကြည့်ပြီး​မေးလိုက်တယ် ဆရာမရဲ့အပြုအမူ​တွေက အားနန်နဲ့စုရီရီဘက်ကိုအပြည့်အ၀ယုံကြည်​ကြောင်း​ဖော်ပြ​နေတယ်

ရှီရှန်း  ရှီရှန်း Book 1  Arc 1 To Arc 4Où les histoires vivent. Découvrez maintenant