Unicode
ကျင့်ကြံခြင်းလောကမှာ ၀ိညာဥ်သွေးကြောပါတဲ့ သူတိုင်းကကျင့်ကြံလို့ရတယ်
သူတို့က နာမည်ကျော်ဂိုဏ်းကြီးတွေရှိတဲ့နေရာမှာ မွေးဖွားလာခဲ့တာမဟုတ်ဖူးဆိုရင်တောင် အဲ့ဒီဂိုဏ်းကြီးတွေဆီကို လိုလိုချင်ချင်သွားကြတယ်
အဲ့ဒါကြောင့် ဒီလောကရဲ့ အဓိကအချက်ကတော့ အင်အားကြီးတဲ့သူကသာ အဆက်မပြတ်အင်အားကြီးနေမယ်ဆိုတာပါပဲ
၃နှစ်ကြာတိုင်းမှာ မြူခိုးတောင်ဂိုဏ်းက သေမျိုးလောကကို လူသစ်တွေစုဆောင်းဖို့ သွားလေ့ရှိတယ်
လူသစ်စုဆောင်းဖို့သွားတိုင်းမှာ ဂိုဏ်းကလူဟောင်းတွေအများကြီးကို ခေါ်သွားရလေ့ရှိပေမယ့် သူတို့နဲ့အတူပြန်ပါလာတဲ့တပည့်အသစ်တွေကတော့ နည်းပါးလွန်းတယ်
ရှင်းရှင်းပြောရမယ့်ဆိုရင်တော့ ၁၀ယောက်လောက်သွားကြတဲ့တပည့်ဟောင်းအုပ်စုကြီးကခေါ်လာနိုင်မယ့် တပည့်အသစ်ဆိုတာ ၁ယောက်တောင်ရှိချင်မှရှိလိမ့်မယ်
ဒီအခြေအနေကိုကြည့်လိုက်မယ်ဆိုရင် သေမျိုးလောကမှာရှိတဲ့ ၀ိညာဥ်သွေးကြောပိုင်ရှင်တွေဆိုတာ အရမ်းကိုနည်းပါးလွန်းတယ်
ရလာမယ့်ကျင့်ကြံသူအေရအတွက်ကနည်းပါးလွန်းတယ်ဆိုရင်တောင် သူတို့တွေက ဘာလို့ သေမျိုးလောကကိုဘာလို့သွားရှာနေရသေးတာလဲ?
အဖြေကရှင်းရှင်းလေးပါ....
ကျင့်ကြံခြင်းလောကမှာ အင်အားကြီးမားလာတဲ့အကျော်အမော်တွေအားလုံးရဲ့အရေအတွက်ထက်၀က်နီးပါးဟာ သေမျိုးလောကကလာခဲ့သူတွေဖြစ်နေတယ်
ချီစွမ်းအင်နည်းပါးလွန်းတဲ့သေမျိုးလောကကနေ ဒီလိုပါရမီရှင်တွေဘာကြောင့်ထွက်ပေါ်လာရသလဲဆိုတဲ့ အကြောင်းအရင်းကိုဘယ်သူမှရှာမတွေ့နိုင်ခဲ့သေးပါဘူး
လူသစ်တွေအများကြီးရနိုင်ဖို့မျှော်လင့်ချက်မရှိနိုင်ပေမယ့်လည်း ဂိုဏ်းကြီးတွေကတော့အဲ့ဒီအကြောင်းကြောင့်မို့လို့ သေမျိုးကမ္ဘာကို တပည့်သစ်စုဆောင်းဖို့သွားနေကြတုန်းပဲ
ဒါ့အပြင် သူတို့လွှတ်လိုက်တယ့် တပည့်အဟောင်းတွေကလည်း သေမျိုးလောကမှာသာကြုံတွေရမယ့်အတွေ့အကြုံတွေကိုရရှိနိုင်တယ်
စာရေးသူရောစာဖတ်သူရော ဖြစ်တဲ့ရှီရှန်းက ဒီလို*ပေါက်တက်ကရ *၀တ္ထုတွေအများကြီး sorry ....ငါပြောတာက..ကျင့်ကြံခြင်း၀တ္ထုတွေ အများကြီးကို ဖတ်ဖူးပါတယ်
ကျင့်ကြံခြင်း၀တ္ထုတွေရဲ့ဇာတ်ကြောင်းကိုရေးသားရတာက ခက်ခဲသလို ဇာတ်အိမ်လည်းကြီးမားပါတယ်
YOU ARE READING
ရှီရှန်း ရှီရှန်း Book 1 Arc 1 To Arc 4
Teen FictionUnicode သည်းထိတ်ရင်ဖိုဇာတ်လမ်းတွေကိုနှစ်သက်တဲ့ စာရေးဆရာမရှီရှန်းဟာ ရေးလက်စ စာအုပ်များစွာကို ရပ်တန့်ခဲ့တယ် မြောက်များစွာသော အဓိကဇာတ်ဆောင်တွေကို ၀မ်းနည်းစရာဇာတ်သိမ်းပေးခဲ့တဲ့ မိထွေးလို စာရေးဆရာမတစ်ယောက်ဖြစ်တယ် ဒီနေ့လို သာယာတဲ့နေ့မျိုးမှာ...