Unicode
နောက်နေ့မနက်မှာ ဇုန်ခေါင်းဆောင်က အဖွဲ့တစ်ခုကိုခေါ်ပြီး ချီမင်ယွဲ့နဲ့ မြို့ပြင်ထွက်သွားတယ်အဖွဲ့ထဲမှာ စမ်းရေသောက်ထားတဲ့လူတစ်ဝက်ပါပြီး စမ်းရေမသောက်ထားတဲ့လူတစ်ဝက်ပါလေတယ်မြို့ပြင်ရောက်တော့ သိသိသာသာပဲ စမ်းရေသောက်ထားတဲ့သူတွေက ဇွန်ဘီတွေဆီကပိုတိုက်ခိုက်ခံရတယ်
" ချီမင်ယွဲ့ နင် ဘာဆင်ခြေပေးဦးမလဲ! "
ဇုန်ခေါင်းဆောင်ရဲ့စိုက်ကြည့်နေခြင်းက ချီမင်ယွဲ့ကို အရိုးထဲထိ ကြောက်စိတ်ဝင်စေတယ်ဒါပေမဲ့ ချီမင်ယွဲ့က ဘူးငြင်းနေတုန်းပဲ
" ဒါက ဘယ်လိုဖြစ်တာလဲဆိုတာ ကျွန်မလည်းမသိဘူး "ဖြောင်း!
ဇုန်ခေါင်းဆောင်က ချီမင်ယွဲ့ကို ပါးချလိုက်တယ်
"ဒါက နင့်ပစ္စည်းတွေပဲ ဒါကိုနင်ကမသိဘူးဆိုတာ ဘယ်လိုဖြစ်နိုင်မှာလဲ။ နင်တစ်ခုခု လုပ်ထားတယ်မလား!!! "စိတ်မရှည်တဲ့အဆုံးမှာ ဇုန်ခေါင်းဆောင်က ချီမင်ယွဲ့ကိုဆံပင်စောင့်ဆွဲလိုက်ပြီး ကားဘက်တွန်းလိုက်တယ် ချီမင်ယွဲ့ရဲ့ပါးက ကားမှန်ပေါ်နဲ့ကပ်နေပြီး နာကျင်မှုခံစားနေရတယ်ချီမင်ယွဲ့ ပါးစပ်ကိုမနဲဟပြီး ပြောလိုက်တယ်
" ကျွန်မတကယ် မသိဘူး "
ဇုန်ခေါင်းဆောင်က ချီမင်ယွဲ့ကို စောင့်ဆွဲလာပြီး Zombieတွေစုနေတဲ့နေရာထဲ တွန်းချလိုက်တော့တယ်ချီမင်ယွဲ့စွမ်းအားက မသေးတဲ့အတွက် သူသေမှာမဟုတ်ဘူးဆိုတာသိလို့ လုပ်ရဲတာဖြစ်တယ်ဒါပေမဲ့ ချီမင်ယွဲ့ကပြန်မတိုက်ဘဲ Zombieတွေဝိုင်းတာခံလိမ့်မယ်လို့ မထင်ထားခဲ့ဘူး သူကသူ့လူတွေကို အမြန်Zombieတွေကိုတိုက်ခိုင်းပေမဲ့ ချီမင်ယွဲ့ကပျောက်သွားပြီပဲဖြစ်တယ်
ချီမင်ယွဲ့က ဒီအခွင့်ရေးကိုစောင့်နေတာကြာပြီ သူက သူ့spaceထဲ ပြန်ဝင်သွားတာပဲဖြစ်တယ် သူဇုန်ထဲမှာတုန်းက မဝင်ခဲ့တာက ဇုန်ကလုံခြုံရေးတွေကို ဖြတ်နိုင်မဖြတ်နိုင်ဆိုတာ မသေချာတာကြောင့်ပဲဖြစ်တယ်ဒါကြောင့် ဒါကသူspaceထဲဝင်သွားဖို့ အခွင့်ရေးကောင်းတစ်ခုဖြစ်သွားခဲ့တယ် spaceထဲမှာ ရိက္ခာတွေအများကြီးရှိတာကြောင့် သူတို့လက်လျော့သွားတဲ့အထိ စောင့်နေရုံပဲ ပြီးရင် သူလွတ်လပ်သွားပြီ....
YOU ARE READING
ရှီရှန်း ရှီရှန်း Book 1 Arc 1 To Arc 4
Teen FictionUnicode သည်းထိတ်ရင်ဖိုဇာတ်လမ်းတွေကိုနှစ်သက်တဲ့ စာရေးဆရာမရှီရှန်းဟာ ရေးလက်စ စာအုပ်များစွာကို ရပ်တန့်ခဲ့တယ် မြောက်များစွာသော အဓိကဇာတ်ဆောင်တွေကို ၀မ်းနည်းစရာဇာတ်သိမ်းပေးခဲ့တဲ့ မိထွေးလို စာရေးဆရာမတစ်ယောက်ဖြစ်တယ် ဒီနေ့လို သာယာတဲ့နေ့မျိုးမှာ...