Unicode
မြောက်ပိုင်းတောင်ထိပ်မှာဝတ်စုံအနီရောင်ကိုဝတ်ထားတဲ့သူနှစ်ယောက်ကလက်ချင်းချိတ်ပြီးဂူပေါက်ထိပ်မှာရပ်နေကြတယ်ရှီရှန်းကဂူဘေးမှာရှိနေတဲ့နေရာကိုကြည့်နေတယ်
အဲဒီနေရာမှာဆရာယွီရှောင်းရဲ့ဝတ်စုံကိုချိတ်ထားတယ်ဝတ်စုံကိုမြှုပ်နှံပေးပြီးတော့အုတ်ဂူလေးလုပ်ပေးပြီးတဲ့အခါမှာရှီရှန်းကအဲဒီအုတ်ဂူတွေရှေ့မှာခါးကိုကွေးညွတ်ပြီးအရိုအသေပေးလိုက်တယ်
ဖုန်းစီကရှီရှန်းကဘာမှမလုပ်တာကိုမြင်ရတဲ့အခါမှာမျက်စောင်းထိုးလိုက်တယ်'ရှောင်ရှူကဘာလို့ငါ့ကိုမျက်စောင်းတွေထိုးနေတာတုန်းဒီနေ့ငါမချောလို့လား...'
ရှီရှန်းကသူ့ကိုအတင်း၀တ်ပြုခိုင်းလိုက်တယ်သူတို့နှစ်ယောက်အချိန်ခနလောက်နေပြီးတဲ့အခါမှာရှီရှန်းနဲ့ဖုန်းစီတို့တောင်အောက်ကိုပြန်ဆင်းသွားကြတယ်
သူမကအဲဒီနက်ရှိုင်းတဲ့မေတ္တာတရားကိုနားမလည်ပေမဲ့သူမဒီအရာကိုလေးစားတယ်
ယွီရှောင်းကတစ်ကယ်လေးစားစရာကောင်းတဲ့သူပြီးတော့သူ့ဘဝကိုအခြားသူတစ်ယောက်ကိုကာကွယ်ပေးဖို့ဖြတ်သန်းသွားခဲ့တာ
ဖုန်းစီနဲ့ရှီရှန်းကအိမ်ကိုပြန်ရောက်သွားတဲ့အခါမှာလုကျန်းကတော့ပြန်သွားပြီဒါပေမဲ့လင်းရီရီနဲ့ပိုင်လန်ကတော့ရှိနေတုန်းပဲရှီရှန်းကပိုင်လန်ကိုဆရာယွီရှောင်းအကြောင်းပြောပြလိုက်တယ်ပိုင်လန်ကဆရာယွီရှောင်းရဲ့အုတ်ဂူဆီသွားမယ်ဆိုပြီးတော့လင်းရီရီကိုပါခေါ်ပြီးပြန်သွားတော့တယ်
"ရှောင်ရှူ"
ဖုန်းစီကရှီရှန်းဘေးနားမှာထိုင်နေပြီးတော့ပြောတယ်
"ဒီနေ့ကစပြီးတော့မင်းကကိုယ့်ရဲ့ဇနီးပဲ,ကိုယ်မင်းကိုတစ်ဘဝလုံးကာကွယ်ပေးသွားမယ်"ရှီရှန်းကအကြောင်းပြချက်တစ်ခုကြောင့်နှလုံးခုန်မြန်လာတယ်
ပြီးတော့ဖုန်းစီကိုစိုက်ကြည့်လိုက်တယ်သူမနှုတ်ခမ်းတစ်စုံဆီကနေပြီးတော့နွေးထွေးမှုကိုခံစားလိုက်ရတော့မှာသူမအကြည့်လွှဲလိုက်တယ်
ဖုန်းစီကခနလောက်ရပ်ပြီးရှီရှန်းကိုစောင့်နေတယ်ခနလောက်အကြာမှာတော့ရှီရှန်းကပြန်ပြီးတော့တုန့်ပြန်ခဲ့တယ်
YOU ARE READING
ရှီရှန်း ရှီရှန်း Book 1 Arc 1 To Arc 4
Teen FictionUnicode သည်းထိတ်ရင်ဖိုဇာတ်လမ်းတွေကိုနှစ်သက်တဲ့ စာရေးဆရာမရှီရှန်းဟာ ရေးလက်စ စာအုပ်များစွာကို ရပ်တန့်ခဲ့တယ် မြောက်များစွာသော အဓိကဇာတ်ဆောင်တွေကို ၀မ်းနည်းစရာဇာတ်သိမ်းပေးခဲ့တဲ့ မိထွေးလို စာရေးဆရာမတစ်ယောက်ဖြစ်တယ် ဒီနေ့လို သာယာတဲ့နေ့မျိုးမှာ...