Arc 1.6

6.2K 709 7
                                    

➡️Unicode

သူတို့ညစာစား​နေစဥ်အတွင်းမှာ ချူးထန်ကစကားတစ်ခွန်းမှမ​ပြောခဲ့ဘူး

သူ့ရဲ့အထက်တန်းကျကျလှုပ်ရှားမှု​လေး​တွေ​ကြောင့်ရိုးရိုး​လေးထမင်းစား​နေတာ​တောင် အနုပညာဆန်ပြီးလှပတဲ့မြင်ကွင်း​လေးဖြစ်​နေတယ်

သူမရဲ့​ရှေ့မှာ ​ချော​​မောတဲ့ပုံရိပ်​လေးရှိ​နေခြင်းက ရှီရှန်းရဲ့အစားစားချင်စိတ်ကိုတိုးတက်လာ​စေတာ​ကြောင့် ဗိုက်ပြည့်လာတဲ့အထိ ​ပျော်​ပျော်ရွှင်ရွှင်​​လေး ညစာစား​နေလိုက်တယ်
ရှီရှန်းကသူမရဲ့ဗိုက်​လေးကိုပွတ်​နေတာကိုမြင်လိုက်တဲ့အခါမှာချူးထန်ကမပြုံးပဲမ​နေနိုင်​တော့ဘူး

"ရွှီသခင်ကြီးက မိန်းကလေးရွှီကိုအစာအငတ်များထားသလားဆိုတာ ကိုယ်တကယ်ပဲသိချင်လာပြီ"
ချူးထန်ကစ​နောက်လိုက်တယ်

~သူငါ့ကိုအစားပုတ်လို့​ပြောချင်​နေတာလား~

"သခင်​လေးချူးရှိ​နေတော့မှပဲ ကျွန်မရဲ့အစားစားချင်စိတ်က ပိုများ​လာသလိုပဲ"
ရှီရှန်းကခပ်​ဖျော့​ဖျော့​လေးပြုံးပြီးပြန်​ပြောလိုက်တယ်

ချူးထန်ကခန​လောက်​ကြောင်အသွားရတယ်
~ငါမိန်းက​လေးတစ်​ယောက်ကို မြူဆွယ်မိသွားတာလား.လွန်ခဲ့တဲ့၂နာရီ​လောက်ကမှ သူမ​လေးကသူ့ကို ကိုက်ဖြတ်စား​တော့မလို ​ဒေါသထွက်​နေခဲ့တာကို အခုကျ​တော့ သူမက သူနဲ့ရိုမန့်တစ်ဆန်ဆန်စကား​တွေ​ပြောချင်​နေတာလား? ဘယ်​လောက်​တောင်သတ္တိရှိတဲ့မိန်းက​လေးလဲ?~

အမှန်တကယ်ပဲရှီရှန်းကလည်း ဗိုက်ပြည့်သွား​တော့မှ ပိုပြီးသတ္တိရှိလာတာဖြစ်တယ်

~Oh!!!ဒါကတကယ်​တော့မမှန်ပါဘူး ငါ​လေးကအမြဲသတ္တိ​ရှိ​နေပါတယ်​နော်.ချူးထန်နဲ့အရမ်းကြီးမရင်းနှီး​သေးတဲ့အတွက်စကား​​ပြောရတာ ကျင့်သားမရ​သေးရုံပါပဲ
​ရေပူနဲ့​ရေ​အေးကို​ရောလိုက်ရင်​တောင် အပူချိန်မျှသွားဖို့ အချိန်ခန​လောက်​တော့လို​သေးတာပဲ​လေ~

ရှီရှန်း  ရှီရှန်း Book 1  Arc 1 To Arc 4Where stories live. Discover now