Arc 2.7

4.4K 524 1
                                    


➡️Unicode

ရုတ်တရက်ပြောင်းလဲမှုတစ်ခုဖြစ်သွားတဲ့အချိန်မှာ ဓားပြတွေနှင့်ရဲတွေရဲ့ စေ့စပ်ညှိနှိုင်းမှုကလည်း ပြီးနေပြီဖြစ််တယ်. ဓားစာခံများကြားက ပိန်ပိန်ပါးပါးအမျိုးသားတစ်ဦးက အနီးကဓားပြကို ရုတ်တရက်ကြီးထိုးလိုက်ပြီး ဓားပြကပြန်လည်မတုံ့ပြန်နိုင်ခင် အချိန်ကိုအခွင့်ကောင်းယူကာ ဓားပြရဲ့လည်ပင်းကိုကိုက်လိုက်တယ်. "အားးး.!!" ဓားပြရဲ့ ကျယ်လောက်လှသောအော်သံကြီး ထွက်ပေါ်လာတယ်
~အချစ်ဇာတ်လမ်းတစ်ပုဒ်ကို သွေးစုပ်ဖုတ်ကောင်ဇာတ်လမ်းအဖြစ် ပြောင်းသွားတာလဲ? အဲ့လိုလုပ်လို့ရတယ်ပေါ့?~

ရှီရှန်းတစ်ယောက် သေချာပေါက်ကို အတွေးတွေလွန်နေခဲ့တယ်...

ဓားပြက အဲ့လူကိုတွန်းထုတ်လိုက်ပြီး ပြင်းထန်စွာကန်ထုတ်လိုက်တယ်။ သူကနံရံနဲ့ ရိုက်မိသွားပြီး နောက်ကျောဘက်က နာကျင်လွန်းညည်းနေခဲ့တယ်. သိပ်မကြာခင်မှာပဲ သူကနောက်တစ်ခေါက်ပြန်ခုန်ထွက်လာပြီး ဓားပြကိုတိုက်ခိုက်ခဲ့တယ်။

" မင်းက ကျက်သရေမရှိတဲ့အမှိုက်တစ်ခု .မင်းလိုလူမျိူးတွေ သေသင့်တယ်!!သွားသေလိုက်တော့. သေစမ်း!! သေ!!! ငါမင်းကိုသတ်ပေးမယ်!! ငါကသူရဲကောင်းတစ်ယောက်ပဲ!! အားလုံးကိုကယ်မဲ့ သူရဲကောင်းပဲ!!!!!
ဓားပြပေါ်ကိုခုန်အုပ်ရင်းနဲ့ အဲ့လူကအရူးတစ်ယောက်လို အော်ဟစ်နေခဲ့တယ်

"ဒီသောက်ကောင်က ရူးနေပြီ။ သူ့ကို အပြင်ကို မြန်မြန်နှင်ထုတ်လိုက်"
တိုက်ခိုက်ခံခဲ့ရတဲ့ဓားပြက သူ့အနားကသူ့လုပ်ဖော်ကိုင်ဖက်တွေကို ဒေါသတကြီးနဲ့ အော်ပြီးပြောလိုက်တယ်.

သူက ဘယ်လိုပဲ စိတ်အားထက်သန်စွာနဲ့ ဓားပြကိုတိုက်ခိုက်ခဲ့သော်လည်း ကလေးတွေရန်ဖြစ်သလိုမျိုး ဆံပင်ဆောင့်ဆွဲတာတို့ လက်မောင်းကိုကိုက်တာတို့ပဲ လုပ်နိုင်ခဲ့တယ်.ဒီလိုတိုက်ခိုက်ပုံက ဓားပြကိုသိပ်မထိခိုက်စေပေမဲ့လို့ သူကတော့ ဒီနည်းလမ်းကိုပဲဆက်သုံးနေခဲ့တယ်

ဓားပြတစ်ယောက်က တိုက်ခိုက်ခံနေရတဲ့ သူ့သူငယ်ချင်းကိုကူညီဖို့သွားတဲ့အချိိန်ကိုအခွင့်ကောင်းယူပြီး ဓားစာခံတွေထဲကသတ္တိရှိတဲ့လူတချို့က တံခါးဆီကိုကူးသွားကြတယ်။

ရှီရှန်း  ရှီရှန်း Book 1  Arc 1 To Arc 4Where stories live. Discover now